နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အာဂျင်တီးနားနှင့်ပြင်သစ်တို့၏ ပွဲထွက်ကစားမည့် ကစားသမားများ

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အာဂျင်တီးနားနှင့်ပြင်သစ်တို့၏ ပွဲထွက်ကစားမည့် ကစားသမားများ

Hsan Loi Editor
18/12/2022
Share:

 

ယနေ့ည ဒီဇင်ဘာလ (၁၈)ရက်နေ့ မြန်မာစံတော်ချိန်ည (၉း၃၀) အချိန်တွင် ယှဉ်ပြိုင်ကစားကြမည့် အာဂျင်တီးနားနှင့်ပြင်သစ်တို့၏ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ပွဲထွက်ကစားကြမည့် ကစားသမားများကို ထုတ်ပြန်ခဲ့ပြီဖြစ်သည်။

 

အာဂျင်တီးနားအသင်းတွင် ဂိုးသမားအဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျောက် လက်စွမ်းပြလျက်ရှိသည့် မာတီနက်ဇ်၊ နောက်ခံလူများအဖြစ် မိုလီနာ၊ ရိုမီရို၊ အော်တာမန်ဒီ၊ တာဂလီဖီကို တို့ ပွဲထွက်လာသည်။ အလယ်တန်းတွင် အာဂျင်တီးနားအသင်းအတွက် ဗိုလ်လုပွဲတိုင်း ခြေစွမ်းပြဂိုးသွင်းပေးလေ့ရှိသည့် ဒီမာရီယာ ပြန်လည်ပါဝင်ခဲ့သလို ၊ ဒီပေါ၊ ဖာနန်ဒက်ဇ်၊ အလစ္စတာ တို့နှင့်အတူ တိုက်စစ်အဖြစ် အသင်းခေါင်းဆောင် လီယိုမက်ဆီနှင့်အတူ ဆီမီးဖိုင်နယ်တွင် (၂)ဂိုး သွင်းယူနိုင်ခဲ့သည့် အယ်ဗာရက်ဇ် ပွဲထွက်ခဲ့သည်။

 

တစ်ဖက်ပြင်သစ်အသင်းတွင်လည်း ဂိုးသမားအဖြစ် အသင်းခေါင်းဆောင် ဟူဂိုလိုရစ်၊ နောက်ခံလူများအဖြစ် ဟာနန်ဒက်ဇ်၊ အူပါမီကာနို၊ ဗာရန်းနှင့် ကွန်ဒေးတို့ ပွဲထွက်ပါဝင်လာသည်။ အလယ်တန်းတွင် ရာဘီယောစ့် ၊ တာအူမန်နီ၊ ဂရစ်ဇမန်းနှင့်အတူ အထောင်တိုက်စစ်မှူးအဖြစ် အိုလီဗာ ဂျရူး၊ အမ်ပါပေ၊ ဒမ်ဘီလီတို့ ပွဲထွက်ကစားသွားကြမည်ဖြစ်သည်။

 

ဘယ်အသင်း က ကမ္ဘာ့ချိန်ပီယံဆုဖလားကြီး ကိုင်မြောက်သွားနိုင်မလဲ?

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/