နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာပြီး ပြည်ထောင်စုကနေ ခွဲထွက်မှာမဟုတ်ဘူးလို့ “ဝ”ပြော

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာပြီး ပြည်ထောင်စုကနေ ခွဲထွက်မှာမဟုတ်ဘူးလို့ “ဝ”ပြော

Hsan Loi Editor
06/11/2026
Share:
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို လေးစားလိုက်နာကာ ပြည်ထောင်စုကနေ ခွဲထွက်မှာ မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းမှု မူဘောင်အတွင်းကနေ ဆောင်ရွက်သွားမယ်လို့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယ ဥက္ကဋ္ဌ ဦးကျောက်ကော်အန်း က ပြောပါတယ်။
May be an image of one or more people, people studying, table and text
နိုဝင်ဘာလ ၃ ရက်နေ့က သျှမ်းမြောက် ပန်ဆန်းမြို့မှာ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွှတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ “ဝ”ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP တို့ တွေ့ဆုံချိန်မှာ ဦးကျောက်ကော်အန်း က အထက်ပါအတိုင်း ပြောကြားခဲ့တာပါ။
May be an image of text
“ဝ”ဒေသဟာ ပြည်ထောင်စုကနေ ခွဲမထွက်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာဆောင်ရွက် မယ်ဆိုတာ သိရတဲ့အတွက် ဝမ်းသာတယ်လို့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကပြောပါတယ်။
May be an image of one or more people, chess and text
နှစ်ဖက်အဖွဲ့တွေ့ဆုံရာမှာ အွန်လိုင်းလောင်းကစားနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်နိုင်စေရေးဆိုင်ရာ ကိစ္စရပ်တွေ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ “ဝ” ဘက်ရော စစ်ကောင်စီ ဘက်ကပါ သတင်းထုတ်ပြန်ထားပါတယ်။
NSPNC နဲ့ UWSP ကိုယ်စားလှယ်တို့ ပန်ဆန်းမြို့ တွေ့ဆုံမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး နေပြည်တော် မှာလည်း တစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
No photo description available.
ဒီတွေ့ဆုံမှုဟာ ပုံမှန်ဆွေးနွေးနေကြ အခြေအနေတွေသာဖြစ်တယ်လို့ “ဝ”တပ် UWSA ပြောခွင့်ရ ဦးညီရန်း က Wa News Land မှာ ပြောဆိုထားပါတယ်။
Photo – WSTV