နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

၁၀၂၇ စစ်ဆင်ရေး သျှမ်းမြောက်တိုက်ပွဲကြောင့် ယာယီစစ်ဘေးရှောင် ၆၂၀၀ ကျော်ရှိလာပြီဟု UNOCHA ထုတ်ပြန်

၁၀၂၇ စစ်ဆင်ရေး သျှမ်းမြောက်တိုက်ပွဲကြောင့် ယာယီစစ်ဘေးရှောင် ၆၂၀၀ ကျော်ရှိလာပြီဟု UNOCHA ထုတ်ပြန်

Hsan Loi Editor
31/10/2023
Share:

 

အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ (AA၊ TNLA၊ MNDAA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သျှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို ကြီးမားသည့်ထိုးစစ်ဆင်နွဲရာ စစ်ဘေးရှောင် 6200 ကျော် ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရကြောင်း UNOCHA က ယမန်နေ့က ထုတ်ပြန်လိုက်သည်။

ကျောက်မဲ၊ လားရိူး၊ သိန္ဒီ၊ ကွတ်ခိုင်၊ မူဆယ်၊ ချင်းရွှေဟော်၊ လောက်ကိုင်မြို့နယ်တို့မှ စစ်ဘေးရှောင်များဖြစ်သည်။

ယင်းတို့ထဲမှ စစ်ဘေးရှောင် ၁၀၀၀ ဝန်းကျင်ခန့် တောတောင်ထဲ၌ ခိုလုံနေကြရပြီး ၅၀၀၀ ကျော်က ဘာသာရေးဆိုင်ရာ အဆောက်အဦးများ၌ ဝင်ရောက်နေထိုင်နေကြရသည်။

ချင်းရွှေဟော်မှ ဒေသခံ ၅၀၀ ကျော် တရုတ်နိုင်ငံဘက်သို့ ရုတ်တရက်ထွက်ပြေးကြရပြီး အရေအတွက်ပိုမိုတိုးပွားလျက်ရှိကြောင်း သိရသည်။

လားရိူးစစ်ဘေးရှောင်များကို အကူအညီပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းနေသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြည်ထောင်စုလမ်းမတလျှောက် နေရာယူထားသဖြင့် အခက်အခဲဖြစ်နေသည်ဟု ဆိုသည်။

သိန္ဒီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်နှင့် လောက်ကိုင်မြို့နယ်များတွင် အချို့ ဖုန်းလိုင်းများ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်။

လူသားခြင်းစာနာထောက်ထားသည့်အကူညီများ ပံ့ပိုးပေးနေသည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ရုံးခွဲများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် သျှမ်းမြောက်စစ်ဘေးရှောင်များကို ကူညီပံ့ပိုးနိုင်ရန် ကြိုးပမ်းနေသည်ဟု ထုတ်ပြန်ထားသည်။

 


Photos: ကမ်းလင့်လက်များလူမှုကူညီရေးအသင်း