နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဥရောပသမဂ္ဂ (EU) က စစ်ကောင်စီတပ်အား ပိတ်ဆို့မှုများ ထပ်မံပြုလုပ်

ဥရောပသမဂ္ဂ (EU) က စစ်ကောင်စီတပ်အား ပိတ်ဆို့မှုများ ထပ်မံပြုလုပ်

Hsan Loi Editor
21/07/2023
Share:

 

ယမန်နေ့ ဇူလိုင်လ (၂၀) ရက်နေ့တွင် မြန်မာ့စစ်ကောင်စီအဖွဲ့၏ လူခြောက်ဦးနှင့် အဖွဲ့အစည်းတစ်ခုအား ဥရောပသမဂ္ဂ (EU) က ပိတ်ဆို့အရေးယူမှု ထပ်မံပြုလုပ်ခဲ့သည်။

ယခုတစ်ကြိမ် ပိတ်ဆို့အရေးယူမှုတွင် စစ်ကောင်စီတပ်၏ လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားရေးရာဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားရေးရာဝန်ကြီးဌာနက ဝန်ကြီးများပါဝင်ပါသည်။ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပိတ်ဆို့အရေးယူခြင်းခံရသော လူပုဂ္ဂိုလ် (၉၉) ဦးနှင့် အဖွဲ့အစည်း (၁၉) ဖွဲ့ ရှိပြီဖြစ်သည်။

အရေးယူပိတ်ဆို့ခံရသူများသည် ပိုင်ဆိုင်မှုများထိန်းချုပ်ခံရမှာဖြစ်ပြီး ၊ အီးယူနိုင်ငံတွေကို သွားလာခွင့်နှင့်ဝင်ရောက်ခွင့်များ တားဆီးပိတ်ပင်ခံရမည်ဖြစ်သည်။

EU ၏ ပိတ်ဆို့အရေးယူမှုများအား စစ်ကောင်စီအဖွဲ့မှ လေးစားလိုက်နာရမည်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုများအား အလေးထားရန် ၎င်းတို့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။