နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အောင်ပန်း-ကလောသွားလမ်းတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာဖြင့် ပိုင်ရှင်မဲ့အလောင်းတစ်လောင်းတွေ့ရှိ

အောင်ပန်း-ကလောသွားလမ်းတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာဖြင့် ပိုင်ရှင်မဲ့အလောင်းတစ်လောင်းတွေ့ရှိ

Hsan Loi Editor
25/07/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း-ကလောသွားလမ်း Denko စက်သုံးဆီအရောင်းဆိုင်အလွန်တွင် ယနေ့နံနက်ပိုင်းက ဦးခေါင်းပေါက်ပြဲဒဏ်ရာဖြင့် ပိုင်ရှင်မဲ့အမျိုးသားရုပ် အလောင်းတစ်လောင်းတွေ့ရှိကြောင်း သိရသည်။

“ အသက် ၅၀ ကျော်အရွယ်အမျိုးသားတစ်ဦးပဲ ရိုက်လုခံရတာလား ၊ ကားတိုက်ခံရတာလားတော့ မသိဘူး၊ နာ/ကူကားတွေရောက်လာပြီးဆေးရုံခေါ်သွားတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။

သေဆုံးသူရုပ်အလောင်းအား အောင်ပန်းနာရေးကူညီမှုအသင်းမှ အောင်ပန်းဆေးရုံရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူ၏ သေဆုံးသူအမည်/နေရပ်လိပ်စာကို မသိရသေးပေ။