နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အောင်ပန်းမြို့သို့ ကုန်စိမ်းသွားရောင်းသည့် ပင်လောင်းမြို့နယ်က တောင်သူများထံ စစ်ကောင်စီအုပ်စုက ငွေညှစ်တောင်းခံပြီး မပေးပါက တင်ဆောင်လာသော ကုန်စိမ်းများကို သိမ်းဆည်းသွားသည်ဟုဆို

အောင်ပန်းမြို့သို့ ကုန်စိမ်းသွားရောင်းသည့် ပင်လောင်းမြို့နယ်က တောင်သူများထံ စစ်ကောင်စီအုပ်စုက ငွေညှစ်တောင်းခံပြီး မပေးပါက တင်ဆောင်လာသော ကုန်စိမ်းများကို သိမ်းဆည်းသွားသည်ဟုဆို

Hsan Loi Editor
17/07/2024
Share:

 

သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့သို့ ကုန်စိမ်းသွားရောင်းသည့် ပင်လောင်းမြို့နယ်က တောင်သူများထံ စစ်ကောင်စီအုပ်စုက အတင်းအဓမ္မ ငွေညှစ်တောင်းခံပြီး မပေးပါက တင်ဆောင် လာသော ကုန်စိမ်းများကို သိမ်းဆည်းသွားသည်ဟု ဒေသခံကုန်စိမ်းသည်များထံမှ သိရပါသည်။

 

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့တို့က အောင်ပန်း−ပင်လောင်း ကားလမ်းပေါ်ရှိ တီဂျစ်ဘိလပ်မြေ စက်ရုံရှေ့ ဂိတ်မှာစောင့်ဆိုင်းပြီး ကုန်စိမ်းသည်များထံ ငွေအဆမတန် တောင်းယူ နေကြောင်း သိရသည်။

 

ပင်လောင်းမြို့နယ်မှ ထွက်ရှိသော မုန်လာထုတ်၊ ခရမ်းချဥ်သီး၊ ဂျင်း၊ အာလူးနှင့် ပန်းသစ်တော် များကို ဒေသခံတောင်သူများအနေဖြင့် အောင်ပန်းကုန်စည်ဒိုင်သို့ သွားရောက်ရောင်းချကြပြီး ယခုလို စစ်ကောင်စီက ကုန်စိမ်းသွားရောင်းသည့် တောင်သူများထံ ငွေကြေးအဆမတန်ကောက်ခံခြင်းအပေါ် တောင်သူများအနေဖြင့် အခက်အခဲဖြစ်ကြောင်း သိရသည်။

 

ခရမ်းချဥ်သီးတစ်ခြင်းကို သောင်းဂဏာန်းအထိ ပေးဆောင်ရပြီး ကုန်စိမ်းတင်လာသည့် ကားတစ်စီးစာလုံး အနေဖြင့် ကျပ်တစ်သိန်းကျော်ထိ ပေးရကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

 

စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာသည့်အတွက်ကြောင့် ခြံထွက်ကုန်စိမ်းရောင်း တောင်သူများအနေဖြင့် ကားခများစျေးကြီးပေးဌားရပြီး ဂိတ်ကြေးများ အဆမတန် ပေးဆောင်ရသည့် အတွက် အောင်ပန်းပွဲရုံအထိသွားရောက်ရောင်းချခြင်း မပြုတော့ဘဲ ခြံထိဆင်းဝယ်သည့် ပွဲစားတွေ ဆီမှာဘဲ ရောင်းချကြတယ်လို့ တောင်သူတစ်ဦးထံမှ သိရပါသည်။

 

တီကျစ်ဂိတ်မှာ အာဏာသိမ်းစစ်တပ်အပြင် PNO ပြည်သူ့စစ် လည်း ပါဝင်ပြီး ကုန်စိမ်းကားများ ကို ငွေညှစ်သည့်အပြင် ခရီးသွားသူတွေကို မှတ်ပုံတင်စစ်ဆေးတာ၊ လိုအပ်တာထက်ပိုစစ်ဆေးတာ၊ သံသယရှိသူများကို အကြောင်းမဲ့ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တစ်ခုထံမှ သိရှိရပါသည်။