နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အောင်ပန်းတွင် ရိုးရာမီးလုံးပွဲအတွက် ယမ်းမှုန့်ပြန်လုပ်စဉ် ပေါက်ကွဲမှုဖြစ်ပြီး နေအိမ်တစ်လုံမီးလောင်ကာ လူ(၃)ဦး ဒဏ်ရာရ

အောင်ပန်းတွင် ရိုးရာမီးလုံးပွဲအတွက် ယမ်းမှုန့်ပြန်လုပ်စဉ် ပေါက်ကွဲမှုဖြစ်ပြီး နေအိမ်တစ်လုံမီးလောင်ကာ လူ(၃)ဦး ဒဏ်ရာရ

Hsan Loi Editor
14/05/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ မင်္ဂလာရပ်ကွက်တွင် မေလ(၁၃)ရက်နေ့ ညနေ(၂)နာရီခန့်က ရိုးရာမီးလုံးပွဲတွင် လွှတ်တင်ယှဉ်ပြိုင်မယ့် မီးလုံးယမ်းထောင်းရာမှတဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှုကြောင့် မီးလုံးယမ်းမှုန့်ပြုလုပ်သည့် အိမ်မီးလောင်ကျွမ်းခဲ့ပြီး အမျိုးသား(၃)ဦးလည်း ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

 

“မိုးရာသီရောက်တော့မယ်ဆိုတော့ သျှမ်းပြည်နယ်တောင်ပိုင်းမှာ ရိုးရာမိုးလုံးပွဲ(မီးရှူးပွဲ)ကို မိုးခေါ်ပွဲဆိုပြီး လွှတ်တင်ယှဉ်ပြိုင်ကြတာပေါ့။ တောင်ပိုင်းမှာတော့ မီးပုံးပျံပွဲအပြင် ဒီမီးရှူးလွှတ်တင်ပွဲကလည်း လူတွေစိတ်ဝင်စားတဲ့ ပွဲတစ်ခုဖြစ်တာပေါ့။ မီးလုံးထဲမှာ ယမ်းအပြည့်ထည့်ပြီး လွှတ်တင်ရတာဆိုတော့ တစ်ခါတစ်လေ ယမ်းမှုန့်လုပ်တဲ့အချိန်မှာ မတော်တဆဖြစ်ပြီး ပေါက်ကွဲတာတွေဖြစ်တတ်တယ်။ သတိထားရတာပေါ့။” ဟု ဟိုပုံးမြို့နယ်က မီးလုံး(မီးရှူး)ယမ်းမှုန့် ပြုလုပ်သူတစ်ဦးက ပြောပြသည်။

 

အဆိုပါ မတော်တဆမှုကြောင့် အမျိုးသား(၃)ဦးတွင် (၂)ဦးသည် တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာရရှိခဲ့ပြီး ကျန်တစ်ဦးကတော့ ခြေထောက်တွင် မီးလောင်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။ ရိုးရာမီးလုံးလွှတ်တင်ပွဲကို သျှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း၊ ကလော၊ ဟဲဟိုး၊ ဟိုပုံး၊ ကျောက်တစ်လုံးကြီး စသည့်မြို့နယ်များ၌ ကျင်းပပြုလုပ်လေ့ရှိသည်။