နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အောင်ပန်းတွင် တွဲကားအောက် ဆိုင်ကယ်ဝင်သွားသည်အထိ ယာဉ်မတော်တဆဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မပြီး ဆိုင်ကယ်မောင်းသူ သေကံမရောက်

အောင်ပန်းတွင် တွဲကားအောက် ဆိုင်ကယ်ဝင်သွားသည်အထိ ယာဉ်မတော်တဆဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မပြီး ဆိုင်ကယ်မောင်းသူ သေကံမရောက်

Hsan Loi Editor
30/05/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နယ် တာမိုင်းခမ်းတံတားအနီးတွင် မေလ (၂၉)ရက်နေ့ မနက်(၉)နာရီခန့်က တွဲကားနှင့် ဆိုင်ကယ်မတော်တဆ တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်က ကားအောက်ရောက်သွားသည်အထိ ဖြစ်ခဲ့သည်။ သို့သော် ကံကောင်းထောက်မပြီး ဆိုင်ကယ်မောင်းနှင်လာသူ သေကံမရောက်ခဲ့ဘဲ ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

 

“ကားသမားရဲ့ ပြောပြချက်အရ ဆိုင်ကယ်က လမ်းချော်ပြီး ကားရှေ့မှာလဲပြီး ဆိုင်ကယ်က ကားအင်ဂျင်အောက်ထဲကို ဝင်လာပြီး ကားလည်း အချိန်မီရပ်လိုက်တာပေါ့။ ဆိုင်ကယ်မောင်းတဲ့သူတော့ ခြေထောက်ကျိုးသွားတယ်။ သူ့ကိုတော့ အောင်ပန်းလူမှုကူညီရေးအသင်းက ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။” ဟု အောင်ပန်းလူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

 

အဆိုပါနေ့တွင်ပင် ကလောမြို့နယ်၌ မြင်းမထိရွာ ရှုခင်းအနီး၌ ဆိုင်ကယ်တစ်စီး မတော်တဆလမ်းချော်ပြီး ကမ်းပါးထဲပြုတ်ကျကာ ဆိုင်မောင်းသူဒဏ်ရာရရှိခဲ့သေးသည်။