မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား

အောက်တိုဘာလ (၂၉) ရက်နေ့က ကျောက်မဲမြို့နယ် နောင်ပစ်ကျေးရွာလမ်းခွဲအနီး TNLA ၏ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ (၁) ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့၊ နောင်ချို-ကျောက်မဲ ကားလမ်းမကြီးကိုလည်း မြောင်းတူးပြီး ပိတ်ဆို့ထားပြီဟုဆို

အောက်တိုဘာလ (၂၉) ရက်နေ့က ကျောက်မဲမြို့နယ် နောင်ပစ်ကျေးရွာလမ်းခွဲအနီး TNLA ၏ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ (၁) ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့၊ နောင်ချို-ကျောက်မဲ ကားလမ်းမကြီးကိုလည်း မြောင်းတူးပြီး ပိတ်ဆို့ထားပြီဟုဆို

Hsan Loi Editor
31/10/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဂုတ်တွင်းဧရိယာတစ်ဝိုက်ရှိ ပြည်သူလူထုနေအိမ်များအတွင်း TNLA အဖွဲ့က ဝင်ရောက်နေရာယူထားလျက်ရှိပြီး ကားလမ်းမကြီးကိုလည်း မြောင်းတူးကာ ပိတ်ဆို့ထားပြီဖြစ်ကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ (၂၇) ရက်နေ့က စတင်ပြီး‌ မြောက်ပိုင်းမဟာမိတ်အဖွဲ့က သျှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်များရှိ စစ်ကောင်စီတပ်များအား တစ်ပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

 

အောက်တိုဘာလ (၂၉) ရက်နေ့တွင် ကျောက်မဲမြို့နယ် နောင်ပစ်ကျေးရွာလမ်းခွဲအနီးသို့ TNLA အဖွဲ့မှ ရောက်ရှိနေရာယူခဲ့ပြီး နောင်ချို-ကျောက်မဲကားလမ်းပိုင်းအား ပိတ်ဆို့ထားခဲ့သည်။ အဆိုပါနေ့တွင်ပင် ခရီးသည်ကားတစ်စီးအား TNLA အဖွဲ့မှ နောက်ပြန်လှည့်ရန်ပြောဆိုကြရာမှာ အချင်းများခဲ့ပြီး TNLA အဖွဲ့၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ (၁) ဦး သေနတ်ကျည်ထိမှန်ခဲ့သည်ဟုဆိုသည်။

 

“အဲ့နေ့က နောင်ပစ်ကျေးရွာအဝင်လမ်းမှာ TNLA တွေ ရောက်လာပြီး လုံကြိမ်ကျေးရွာအထိ ရောက်ရှိလာခဲ့ကြတယ်။ အဲ့နေ့ကတည်းက ကားလမ်းမှာ သူတို့တွေက နေရာယူထားပြီး ခရီးသည်ကားတွေကို နောက်ပြန်လှည့်ခိုင်းတာတွေလုပ်ကြတယ်။ ရန်ကုန်က ခရီးသည်ကားတစ်စီးက ပြန်မလှည့်ပဲသူတို့နဲ့စကားအကြီးအကျယ်များပြီး TNLA အဖွဲ့က သေနတ်နဲ့ပစ်လိုက်လို့ ရန်ကုန်က အမျိုးသမီးကြီး (၁) ယောက်ထိသွားတယ်လို့ ပြောတယ်။ အဲ့အချိန်သေနတ်သံတော့ ကြားလိုက်ပေမယ့် ဘယ်သူမှသွားမကြည့်ရဲတဲ့အတွက် တိတိကျကျပြောဖို့တော့ခက်တယ်။ အခုတော့ လုံကြိမ်ကျေးရွာအောက်ဖက်နားမှာ မြောင်းအကြီးကြီး (၂) ခုတူးပြီး ကားရော ဆိုင်ကယ်ရော သွားလို့မရတော့အောင် ပိတ်ထားလိုက်ပြီ။ နောင်ချို-ကျောက်မဲလမ်းက သွားလို့မရတော့ဘူး။ နောင်ပစ်သွားတဲ့လမ်းခွဲကိုလည်း မြောင်းတူးပြီး ပိတ်ထားလိုက်ကြပြီ။” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပြသည်။ ဆက်စပ်သတင်းများအရ သေနတ်ကျည်ဆံထိမှန်ခဲ့သော အမျိုးသမီးသည် အဆိုပါဒဏ်ရာကြောင့် သေဆုံးခဲ့ရပြီဟု သိရသည်။

 

လမ်းမကြီးအား ဘက်ဟိုးကားဖြင့် မြောင်းအကြီးကြီးတူးပြီးပိတ်ထားသည့်အပြင် ရွာသူ/ရွာသားများကိုလည်း ၎င်းတို့ခွင့်ပြုချက်မရဘဲ ရွာထဲဝင်ထွက်ခွင့်မပြုကြောင်း သိရသည်။ ဒါ့အပြင် သျှမ်းပြည်သူလူထုနေအိမ်များအပေါ် TNLA တပ်သား (၂) ဦး၊ (၃) ဦး ခန့် တက်နေထိုင်မှုကြောင့် ကျေးရွာအတွင်း တိုက်ပွဲဖြစ်မည်ကို ဒေသခံများ စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း သတင်းရရှိသည်။