နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အိမ်စီးကားငယ်နှင့် (၂၃) တန်မကျော်သော ယာဉ်များ တာလေတံတားဖြတ်သန်းသွားလာနိုင်ပြီ

အိမ်စီးကားငယ်နှင့် (၂၃) တန်မကျော်သော ယာဉ်များ တာလေတံတားဖြတ်သန်းသွားလာနိုင်ပြီ

Hsan Loi Editor
20/01/2024
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ-တာချီလိတ် ကားလမ်းမကြီးပေါ်ရှိ တာလေတံတားသည် (၁၈.၁.၂၀၂၄) ရက်နေ့က အက်ကွဲရာများဖြစ်ပေါ်ခဲ့သည့်အတွက် ယာဉ်သွားလာဖြတ်သန်းမှု ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။

 

“ ဇန်နဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းကတည်းက တံတားအက်ကွဲနေတဲ့အရာတွေ့လို့ဆိုပြီး တံတားခဏပိတ်ပြီး ပြန်ပြင်နေတာပေါ့လေ။ အခုတော့ ယာယီဘေလီတံတားထိုးပြီးပြီ ဒီမနက်ကစပြီးတော့ အိမ်စီးကားငယ်နဲ့ အလေးချိန်သိပ်မများတဲ့ကားတွေကို ဖြတ်သန်းခွင့်ပေးနေပြီ။” ဟု တာချီလိတ်မြို့မှ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပြသည်။

 

ရေတိုက်စားမှုကြောင့် တံတားတိုင်ကျွံဝင်သွားရာမှ အက်ကွဲရာများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး တာလေတံတားသည် နှစ် (၂၀) ခန့်သာ သက်တမ်းရှိသေးပြီး ယခုလိုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

 

တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်ကို ဆက်သွယ်ထားသော လမ်းမကြီးပေါ်တွင် တည်ဆောက်ထားသော တံတားတစ်စင်းဖြစ်သည်။