နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အာဏာသိမ်းကာလ ၄ နှစ်ကျော်အကြာမှာ စစ်အုပ်စုရဲ့ လက်ချက်ကြောင့် သေဆုံးသူပြည်သူ ၇၇၀၅ ဦး အထိရှိလာ

အာဏာသိမ်းကာလ ၄ နှစ်ကျော်အကြာမှာ စစ်အုပ်စုရဲ့ လက်ချက်ကြောင့် သေဆုံးသူပြည်သူ ၇၇၀၅ ဦး အထိရှိလာ

Hsan Loi Editor
24/01/2026
Share:
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ ၎င်းရဲ့လက်ပါးစေတွေကြောင့် သေဆုံးသွားတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူများနဲ့ ပြည်သူ စုစုပေါင်း ၇၇၀၅ ဦး အထိရှိလာတယ်လို့ နိုင်ငံရေး အကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့က ထုတ်ပြန်ပါတယ်။
May be an image of clothes iron
ဒီသေဆုံးမှုဖြစ်စဥ်တွေမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့တာဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်မှုနဲ့ နည်းလမ်းမျိုးစုံ သတ်ဖြတ်ခံရတာတွေကြောင့် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးသူငယ် ၉၉၆ ဦးနဲ့ အမျိုးသမီး ၂၀၂၀ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားဖော်ပြထားပါတယ်။
May be an image of shoes
ဒါ့အပြင် စစ်တပ်ရဲ့ မတရားအာဏာသိမ်းဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၀၃၂၃ ဦး ရှိပြီး အဲ့ဒီအထဲမှ ၂၂၇၄၅ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ ဆိုကာ ဖော်ပြပါ အချက်အလက်တွေကို AAPP မှ လက်လှမ်းမှီသလောက်ကောက်ယူထားတာဖြစ်တယ်လို့ ဆိုပါတယ်။
Photo – အရာတော်မြို့နယ်၊ ကန်ရင်းရွာ မူကြိုကျောင်း ဗုံးကျဲတိုက်ခိုက်ခံရပုံ