နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အာဏာရှင်စနစ်ပပျောက်ရေးနဲ့ ပြည်သူ့အစိုးရပေါ်ထွန်းရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC)ထုတ်ပြန်

အာဏာရှင်စနစ်ပပျောက်ရေးနဲ့ ပြည်သူ့အစိုးရပေါ်ထွန်းရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC)ထုတ်ပြန်

Hsan Loi Editor
06/06/2026
Share:

ပြည်ထောင်စုအတွင်း အာဏာရှင်စနစ်ပပျောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် ရေးနဲ့ ပြည်သူ့အစိုးရပေါ်ထွန်းရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ ဇွန်လ ၆ ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC) တည်ထောင်ခြင်း နှစ် ၃၀ ပြည့်မှာ ကော်မတီက သဘောထားထုတ်ပြန်ခဲ့ပါတယ်။

SSJAC တည်ထောင်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနားကို Online Zoom Conferencing စနစ်နဲ့ ပြုလုပ်ပြီး SSJAC ရဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)နဲ့ ဆင်ကျော့အသွင်ပြောင်း ပြည်သူ့စစ် အဖွဲ့တို့မှ ခေါင်းဆောင်များနဲ့ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော်အဖြစ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ အပါအဝင် တော်လှန်ရေးခေါင်းဆောင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အမျိုးသမီးနဲ့ လူငယ်အသင်းအဖွဲ့များမှ ခေါင်းဆောင်များ စုစုပေါင်း ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

SSJAC သည် ငြိမ်းချမ်းစွာအတူတကွယှဥ်တွဲနေထိုင်ရေးကို ကိုင်စွဲပြီး သျှမ်းအမျိုးသားညီညွတ်ရေး၊ သျှမ်းပြည်ညီညွတ်ရေးနဲ့ ပြည်ထောင်စုညီညွတ်ရေးအတွက် အစဥ်တစိုက်ကြိုးပမ်း ဆောင်ရွက် ခဲ့တယ်လို့ အသိပေးထားပါတယ်။

လက်ရှိပြည်ထောင်စုတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ၊ အရင်းခံပြဿနာတွေကို အပြီးသတ် ချုပ်ငြိမ်းစေဖို့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ပြီး ချမှတ်ထားတဲ့ ဦးတည်ချက် ၄ ရပ်အတိုင်း လုပ်ငန်းတွေ ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

ဖြတ်သန်းခဲ့ရတဲ့ နှစ်ပေါင်း ၃၀ အတွင်း နိုင်ငံရေး၊ စစ်ရေး၊ မဟာမိတ်ဆက်ဆံရေးကဏ္ဍတို့မှာ အတက်အကျမျိုးစုံကို ရင်ဆိုင်ခဲ့ရသည့်ကြားမှပင် ဒီိမုကရေစီအခွင့်အရေးကို အာမခံပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အကျိုးစီးပွားတွေကို ကာကွယ်မြင့်တင်နိုင်ဖို့ တတ်စွမ်းသမျှကြိုးပမ်းဆောင် ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကော်မတီအနေနဲ့ ပြည်သူရဲ့ အကျိုးစီးပွားကို မြှင့်တင်နိုင်ဖို့အတွက် ခေတ်ကာလနဲ့ လျော်ညီတဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ လုပ်ငန်းတွေကို ပိုမိုကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ရှမ်းပြည်နယ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ကို ရှမ်းပြည်ငြိမ်းချမ်းရေးကောင်စီ (SSPC)နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ လက်တွဲကာ ၁၉၉၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က နိုင်ငံရေးမဟာမိတ်အဖြစ် စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ရှမ်းပြည်ငြိမ်းချမ်းရေးကောင်စီ (SSPC)မှာ ရှမ်းပြည်တပ်မတော် (SSA)နဲ့ ရှမ်းပြည်အမျိုးသားတပ်မတော် (SSNA) တို့ အဓိက ပါဝင်လှုပ်ရှား ခဲ့ကြတယ်လို့ သိရပါတယ်။