နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အသက်(၇၁)အရွယ် ဆီဆိုင်မြို့ဒေသခံအမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွားဟုဆို

အသက်(၇၁)အရွယ် ဆီဆိုင်မြို့ဒေသခံအမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွားဟုဆို

Hsan Loi Editor
08/06/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် မြကန်သာရပ်ကွက်မှ အသက်(၇၁)နှစ်အရွယ်ရှိ ဒေါ်စိုးစိုးလတ်သည် ယမန်နေ့ ဇွန်လ (၆)ရက်နေ့က မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်ထွက်သည်အထိ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု သိရသည်။

 

ဒေါ်စိုးစိုးလတ်သည် ၎င်း၏နေအိမ်ခြံစည်းရိုးအား ပြန်လည်ပြုပြင်နေစဉ် တိုက်ပွဲအတွင်းက မပေါက်ကွဲသေးဘဲ ကျန်နေသေးသော မြေမြုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ ခြေထောက်တစ်ဖက်ပြတ်ထွက်သွားသည့်အပြင် အခြားခြေထောက်တစ်ဖက်နှင့် လက်(၂)ဖက်တွင်လည်း ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟုဆိုသည်။ ၎င်းအား အောင်ပန်းမြို့ စစ်ဆေးရုံသို့ ပို့ဆောင်ကုသစေလျက်ရှိသည်။

 

“မနက်(၉)နာရီလောက်မှာ မြို့ထဲမှာ ပေါက်ကွဲသံအကျယ်ကြီးထွက်လာတော့ မြို့သူမြို့သားတွေက တိုက်ပွဲပြန်ဖြစ်ပြီထင်ပြီး လန့်သွားကြတာပေါ့။ နောက်တော့မှ မပေါက်ကွဲသေးတဲ့ မြေမြုပ်မိုင်း နင်းမိလို့ ပေါက်ကွဲတာဆိုပြီး သိရတယ်။ အခုတော့ ဆီဆိုင်မြို့ထဲကို ပြည်သူတွေတော်တော်များများပြန်လာနေကြပေမယ့် အခုထိ လန့်နေကြတုန်းပါပဲ။ မြို့ထဲမှာတော့ PNO အဖွဲ့တွေရော စစ်ကောင်စီအဖွဲ့တွေရော ရှိနေကြတယ်။”ဟု ဆီဆိုင်ဒေသခံတစ်ဦးကပြောပြသည်။

 

ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲကြောင့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များနှင့် မြေမြုပ်မိုင်းများစွာ ကျန်ရှိနေသေးပြီး ယနေ့အထိ မိုင်းရှင်းလင်းရေးလုပ်ငန်း မပြုလုပ်သေးဘဲ စစ်ကောင်စီအဖွဲ့က ဒေသခံများအား နေအိမ်ပြန်လာနေစေခြင်းဖြစ်သည်။