နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အရေးပေါ် ဆေးကုသမှု ခံယူနေရသည့် မိုင်းဖုန်းဆရာ တော် ကျန်းမာရေးပြန်လည် ကောင်းမွန်လာ

အရေးပေါ် ဆေးကုသမှု ခံယူနေရသည့် မိုင်းဖုန်းဆရာ တော် ကျန်းမာရေးပြန်လည် ကောင်းမွန်လာ

Hsan Loi Editor
17/07/2023
Share:

 

ဇူလိုင်လ(၁၄)ရက်နေ့ ညကတာချီလိတ်မှ ထိုင်းနိုင်ငံသို့ ညတွင်းချင်း အရေးပေါ် ဆေးကုသမှု ခံယူရန်အတွက် ကြွရောက်သွားသည့် မိုင်းဖုန်းဆရာတော် ကျန်းမာရေးအခြေအနေ ပြန်လည် ကောင်းမွန်လာပြီဖြစ်ကြောင်း ဆရာတော်၏ တပည့်သာဝကများထံမှ သိရသည်။

 

” မိုင်းဖုန်းဆရာတော်ဘုရား ကျန်းမာရေးကောင်းမွန်လာပါပြီ ၊လောလောဆယ် ဆေးရုံကဆရာဝန်တွေကတော့ သွားပိုးစားလို့ သွားတစ်ချောင်းနုတ်ပေးထားတယ် ” ဟု မိုင်းဖုန်းဆရာတော်၏ တပည့်သာဝကတစ်ဦးကအတည် ပြုပြောဆိုသည် ။

 

မိုင်းဖုန်းဆရာတော်သည် ဇူလိုင်လ(၂)ရက်နေ့ နံနက်ပိုင်းကအထူးဒေသ(၄)မိုင်းလားရှိ မိုင်းခန်ဖဝတ်ဂူသို့ အဓိဌာန်မဝင်မီ မှိုဆွမ်းဟင်းဘုဉ်းပေးမိခဲ့ရာမှ မူးဝေပျို့အန်သည့် ဝေဒနာခံစားခဲ့ရပြီးနောက်ပိုင်း ဇူ လိုင်လ(၈)ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ ဘန် ကောက်ဆေးရုံတွင် ဆေး ဝါးကုသမှု ခံယူခဲ့သည် ။

 

ဇူလိုင်လ(၁၀)ရက်နေ့တွင် တာချီလိတ်မြို့မိုင်းဖုန်း (က)ကျေးရွာအုပ်စုရှိ ကျောင်းတိုက်သို့ ပြန်လည်ကြွရောက်လာခဲ့ပြီး ဇူလိုင်လ(၁၄)ရက်နေ့ ည ၉ နာရီချိန်ခန့်က ထိုင်းနိုင်ငံသို့ ဒုတိယအကြိမ်ညတွင်းချင်း အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရာမှ ယခုကဲ့သို့ ကျန်း မာရေးပြန်လည် ကောင်းမွန်လာခဲ့ခြင်းဖြစ် သည် ။