နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အများလက်ခံနိုင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရုပ်လုံးမပေါ်သေးမီ အချိန်ကာလအထိ တွေ့ဆုံဆွေးနွေးရေးကို NCA စာချုပ်ညှိနှိုင်းဆွေးနွေးစဉ်ကာလကဲ့သို့ ဆွေးနွေးခြင်း အခင်းအကျင်းအတိုင်း ဆက်လက်ကြိုးပမ်းသွားမည်ဟု NSPNC နှင့် တွေ့ဆုံစဉ် 7 EAO Alliance (NCA-S-EAO) ၇ ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းပြော

အများလက်ခံနိုင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရုပ်လုံးမပေါ်သေးမီ အချိန်ကာလအထိ တွေ့ဆုံဆွေးနွေးရေးကို NCA စာချုပ်ညှိနှိုင်းဆွေးနွေးစဉ်ကာလကဲ့သို့ ဆွေးနွေးခြင်း အခင်းအကျင်းအတိုင်း ဆက်လက်ကြိုးပမ်းသွားမည်ဟု NSPNC နှင့် တွေ့ဆုံစဉ် 7 EAO Alliance (NCA-S-EAO) ၇ ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းပြော

Hsan Loi Editor
29/09/2026
Share:
ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဌာန ရုံးခွဲ၌ 7 EAO alliance (NCA-S-EAO) ၇ ဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) တို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
May be an image of lighting, table and dais
ဆွေးနွေးပွဲ၌ 7 EAO alliance (NCA-S-EAO) ၇ ဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်လာသူ RCSS အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စိုင်းငင်းက အဖွင့် နူတ်ခွန်းဆက်စကား ပြောကြားရာတွင် “ယခုတွေ့ဆုံဆွေးနွေးပွဲဟာ NSPNC ရဲ့ ၂၀၂၆ ခုနှစ် ဧပြီလ (၂၁) ရက်နေ့က ဖိတ်ခေါ်တဲ့ သက်ဆိုင်ရာ EAOs အဖွဲ့အစည်းများအား ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ တရားဝင်ကမ်းလှမ်းချက် (၅) လကျော်ပြည့်တဲ့ အခိုက်အတန့်ဖြစ်ကြောင်း၊ ဒီကာလအတွင်း ကမ်းလှမ်းဖိတ်ခေါ်ထားတဲ့ အဖွဲ့အစည်းတွေ လာရောက်ဆွေးနွေးနိုင်ဖို့ လိုအပ်တဲ့ အခင်းအကျင်းတွေကို သင့်တော်သလို ကြိုတင်ပြင်ဆင်ဖန်တီးရန် လိုအပ်ကြောင်း၊ ဒီ (၅) လတာ အတွင်း NSPNC နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ 7 EAO alliance အစုအဖွဲ့အနေနဲ့ (၂)ကြိမ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သလို တစ်ဖွဲ့ချင်းစီလည်း သီးခြားတွေ့ဆုံနိုင်ခဲ့သည်”ဟု ထည့်သွင်းပြောကြားခဲ့သည်။
7 EAO alliance အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပုံမှန်ပြန်လည်စတင်နိုင်ဖို့ တက်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်နေသလို၊ အခြားညီနောင် EAOs များနဲ့လည်း လက်ရှိ မိမိတို့ ပုံဖော်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သိရှိနားလည်အောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါသည်။ အများလက်ခံနိုင်တဲ့ အဓိပ္ပါယ်ပြည့်တဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရုပ်လုံးမပေါ်သေးမီ အချိန်ကာလ အထိ တွေ့ဆုံဆွေးနွေးရေးကို NCA စာချုပ်ညှိနှိုင်းဆွေးနွေးစဉ်ကာလကဲ့သို့ ဆွေးနွေးခြင်း အခင်းအကျင်းအတိုင်း ဆက်လက်ကြိုးပမ်းပုံဖော်ဆောင်ရွက်လိုသော သဘောထားရှိကြောင်း 7 EAO alliance ၎င်းအဖွင့်နူတ်ခွန်းဆက်တွင် ဖော်ပြထားသည်။
ယခု တွေ့ဆုံဆွေးနွေးမှုကို ယနေ့ စက်တင်ဘာလ (၂၉) ရက်နေ့နှင့် မနက်ဖြန် (၃၀) ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။
Credit & 7 EAO Alliance