ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

အမေရိကန် နဲ့ အီရန်တို့ ၂ ပတ်ကြာ အပစ်ခတ်ရပ်ဖို့နဲ့ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်ဖို့ သဘောတူ ကမ္ဘာ့ရေနံစျေး ၁၇ ရာခိုင်နှုန်းကျော်ထိ ထိုးကျသွား

အမေရိကန် နဲ့ အီရန်တို့ ၂ ပတ်ကြာ အပစ်ခတ်ရပ်ဖို့နဲ့ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်ဖို့ သဘောတူ ကမ္ဘာ့ရေနံစျေး ၁၇ ရာခိုင်နှုန်းကျော်ထိ ထိုးကျသွား

Hsan Loi Editor
13/04/2026
Share:
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အီရန်နိုင်ငံအား အလုံးစုံချေမှုန်းဖျက်ဆီးပစ်မည်ဆိုတဲ့ သတ်မှတ်ချိန် မကုန်ဆုံးမီ နာရီပိုင်းအလိုမှာ အမေရိကန်နဲ့ အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြပြီး တီဟီရန်အစိုးရက အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်လည်ဖွင့်လှစ်ပေးရန် သဘောတူခဲ့တယ်လို့ သိရပါတယ်။
ပါကစ္စတန်အစိုးရရဲ့ တောင်းဆိုမှုကြောင့် ထရမ့်က တိုက်ခိုက်မှုကို ဆိုင်းငံ့ပေးခဲ့တာဖြစ်ပြီး လာမယ့် သောကြာနေ့ ပါကစ္စတန်မှာ နှစ်ဖက်ဆွေးနွေးပွဲများ စတင်မှာဖြစ်ပါတယ်။
ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်မှာ “ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအနေဖြင့် ဟော်မုဇ် ရေလက်ကြားကို အပြည့်အဝ ဘေးကင်းစွာ ပြန်ဖွင့်ပေးရန် သဘောတူညီချက်အပေါ် မူတည်ပြီး ကျွန်တော်က အီရန်အပေါ် ဗုံးကြဲမှုနှင့် တိုက်ခိုက်မှုများကို နှစ်ပတ်ကြာ ဆိုင်းငံ့ထားရန် သဘောတူပါသည်” လို့ ရေးသားခဲ့ပါတယ်။
May be a graphic of map, arctic and text that says 'IRAN Bandar Abbas Strait Straitof of Hormuz Gulf 53.5 53.5km km {approx.) Dubai Abu Dhabi Gulfof Gulf of Oman U.A.E. 100krr OMAN IRAN The strategic Strait of Hormuz Hapdata:05M,Getco,JAXA data :05M, Gebco, JAXA Map AFP'
အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီ (Abbas Araghchi) က ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ခဲ့တဲ့ စစ်ပွဲအား တုံ့ပြန်တဲ့အနေနဲ့ ပိတ်ဆို့ထားတဲ့ ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံ ဖြတ်သန်းရာ ဟော်မုဇ် ရေလက်ကြားကို သင်္ဘောများ ဖြတ်သန်းနိုင်ရန် ၂ ပတ်ကြာ ဘေးကင်းလုံခြုံစွာ ဖွင့်လှစ်ပေးမှာ ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
“ အီရန်အပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်သွားမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ အင်အားကြီးမားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း သူတို့ရဲ့ ခုခံရေးစစ်ဆင်ရေးတွေကို ရပ်တန့်သွားမှာပါ” လို့ အရတ်ဂ်ချီက ဆိုပါတယ်။
နှစ်ဖက်အပစ်အခတ်ရပ်စဲရေး ကြေညာချက် ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများလည်း ၁၇ ရာခိုင်နှုန်းကျော်ထိ သိသိသာသာကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။
ကိုးကား − AFP