နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အပြန်အလှန်စွပ်စွဲမှုကြားကနေ နမ့်ဟူးကျေးရွာ ရွာလုံးကျွတ် မီးလောင်ပြာကျ

အပြန်အလှန်စွပ်စွဲမှုကြားကနေ နမ့်ဟူးကျေးရွာ ရွာလုံးကျွတ် မီးလောင်ပြာကျ

Hsan Loi Editor
15/03/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် နမ့်ဟူးကျေးရွာသည် စစ်ကောင်စီ+PNA နှင့် PNLA+PDF ပူးပေါင်းအဖွဲ့တို့၏ တိုက်ပွဲဖြစ်မှုအကြား ၂၀၂၄ ခုနှစ် မတ်လ(၁၂)ရက်နေ့တွင် ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းပြာကျခဲ့ရသည်။

နမ့်ဟူးကျေးရွာ မီးလောင်ပြာကျရခြင်းနှင့်ပတ်သက်၍ “မဲနယ်တောင်ဒေသ၊ နမ့်ဟူးကျေးရွာကို ပဒက်အဖွဲ့ မီးရှို့ဖျက်ဆီးလိုက်ပြီ။ ပအိုဝ်းရွာတွေ ဒီလိုမျိုးထပ်မဖြစ်ဖို့ ပအိုဝ်းလူမျိုးအားလုံး တာဝန်ရှိတယ်။” ဟူ၍ PNO အဖွဲ့သတင်းများ ဖော်ပြသူ Khun San Aung က ရေးသားခဲ့သည်။

အလားတူ သျှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်၊ မဲနယ်တောင်ဒေသ အတွင်းက ကျေးရွာများကို (PNLA)က ရန်သူများ ဆက်ပြီးထိုးစစ်မဆင်နိုင်ရန် ကျေးရွာအချို့အား မီးရှို့ပြီး တားဆီးမည်ဟူသော စာတစ်စောင် အွန်လိုင်းမီဒီယာပေါ် ရောက်ရှိလာပါသည်။ အဆိုပါ စာနှင့်ပတ်သက်၍ ထုတ်ပြန်စာ အတုသာဖြစ်ကြောင်း PNLA က ပြန်လည်ဖြေရှင်းခဲ့သည်။

“စစ်ကောင်စီအဖွဲ့နှင့် PNO ပြည်သူ့စစ်တွေက ရွာနားလေးမှာ စခန်းလာချပြီး စစ်ဆင်ရေးတွေလုပ်ကြတယ်။ အခုတော့ ဟိုဘက်ပစ်ဒီဘက်ပစ်ကြရင်းနဲ့ တစ်ရွာလုံးမီးလောင်ပြာကျသွားပြီ။ စစ်ကောင်စီဘက်ကနေလည်း PNLA နဲ့ PDF က ရွာကို မီးဝင်ရှို့သွားတယ်လို့ စွပ်စွဲပြောဆိုထားတယ်။ PNLA ဘက်ကနေလည်း စစ်ကောင်စီက အဲ့နားမှာနေနေတာဖြစ်တဲ့အတွက် စစ်ကောင်စစ်အဖွဲ့က ရွာကို မီးဝင်ရှို့တာလို့ ပြောတယ်။”ဟု ဟိုပုံးမြို့ကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပြသည်။

နမ့်ဟူးကျေးရွာတွင် အိမ်ခြေ(၁၀၀)ကျော်ရှိသော ကျေးရွာဖြစ်သည်။ လက်ရှိအချိန်အထိ သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်အတွင်း စစ်ကောင်စီ+PNA ပူးပေါင်းအဖွဲ့နှင့် PNLA+PDF ပူးပေါင်းအဖွဲ့တို့ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး လက်နက်ကြီးပစ်ခတ်သံများ နေ့စဉ်ကြားနေရဆဲဖြစ်ကြောင်း သတင်းရရှိသည်။