နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အပစ်ရပ်ကြေညာထားသော စစ်ကောင်စီနှင့် UWSA ၊ NDAA၊ SSPP တို့ ငြိမ်းချမ်းရေးကိစ္စ ထပ်မံတွေ့ဆုံဆွေးနွေး

အပစ်ရပ်ကြေညာထားသော စစ်ကောင်စီနှင့် UWSA ၊ NDAA၊ SSPP တို့ ငြိမ်းချမ်းရေးကိစ္စ ထပ်မံတွေ့ဆုံဆွေးနွေး

Hsan Loi Editor
06/01/2023
Share:

 

NSPNC၊ UWSA၊ NDAA နှင့် SSPP ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ NSPNC ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဝ” ပြည်သွေး စည်းညီညွတ်ရေးပါတီ (UWSP/UWSA) မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင် တက်ရောက်ကြောင်း သိရသည်။

အဖွဲ့အသီးသီး၏ နိုင်ငံရေးလိုလားချက်များ၊ ၂၀၀၈ အခြေခံကျသောပုဒ်မများကို ပြင်ဆင်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲ ဒုတိယနေ့ကို ဇန်နဝါရီ ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကောင်စီပြန်ကြားရေးက ထုတ်ပြန်ထားသည်။

#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/
ဓါတ်ပုံ-၂၀၂၂ ခုနှစ် အောက်တိုဘာလပုံဟောင်း