နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အထူးဒေသ ၄ နဲ့သင့်လျော်တဲ့ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဆင့်အတန်းသတ်မှတ်ပေးရေးနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး NSPNC နဲ့ NDAA တို့ မိုင်းလားမှာ တွေ့ဆုံဆွေးနွေး

အထူးဒေသ ၄ နဲ့သင့်လျော်တဲ့ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဆင့်အတန်းသတ်မှတ်ပေးရေးနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး NSPNC နဲ့ NDAA တို့ မိုင်းလားမှာ တွေ့ဆုံဆွေးနွေး

Hsan Loi Editor
03/11/2026
Share:
အထူးဒေသ ၄ နဲ့ သင့်လျော်တဲ့ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဆင့် အတန်း သတ်မှတ်ပေးရေးနဲ့ မိုင်းလားမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး အပါ အဝင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်တွေကို စစ်ကောင်စီရဲ့ NSPNC နဲ့ NDAA တို့က မိုင်းလားမှာ နှစ်ဖက်အပြန်အလှန် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
May be an image of one or more people, table, dais and text
လက်ရှိကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စား လှယ် အဖွဲ့ဟာ နိုဝင်ဘာလ ၁ ရက်က မိုင်းလားသို့ သွားရောက်ပြီး အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးထိန်လင်း နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။
အထူးဒေသ ၄ ဟာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒေသခံပြည်သူများလည်း မြန်မာနိုင်ငံသားများဖြစ်ကာ အထူးဒေသ ၄ ရဲ့ နိုင်ငံရေးလိုလားချက်အပေါ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆက်လက် ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပြီး ၂၀၂၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ လိုအပ်တဲ့ ကိစ္စတွေလည်း ညှိနှိုင်းဆောင်ရွက်ရမယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကပြောပါတယ်။
NDAA ဥက္ကဋ္ဌ ဦးထိန်လင်း ကတော့ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးခြင်းမှ တစ်ဆင့် နိုင်ငံရေး အဆင့်အတန်းကို ဖော်ထုတ်ဆွေးနွေးသွားမယ်လို့ ပြောတဲ့အကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
May be an image of dais and text
ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး NDAA ဘက်က ယနေ့နံနက်ပိုင်းချိန်အထိ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် အနေနဲ့ ယခုနှစ်အတွင်းမှာ မိုင်းလားကို သွားရောက်ပြီး NDAA နဲ့ တွေ့ဆုံတာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း နေပြည်တော်မှာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။