နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အင်းလေး PDF ကို NUG အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်လက်အောက်ခံတပ်ရင်းအဖြစ်တရားဝင်ဖွဲ့ စည်း

အင်းလေး PDF ကို NUG အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်လက်အောက်ခံတပ်ရင်းအဖြစ်တရားဝင်ဖွဲ့ စည်း

Hsan Loi Editor
09/12/2022
Share:

 

သျှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အခြေစိုက်အင်းလေး PDF အား NUG အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်ဒေသ (၃) ၏လက်အောက်ခံ တပ်ရင်းအဖြစ်တရားဝင်ဖွဲ့စည်းလိုက်ပြီဖြစ် ကြောင်း အင်းလေး PDF (IPDF) က ဒီဇင်ဘာလ ၈ ရက်နေ့တွင်ထုတ်ပြန် ထားသည်။

 

ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ IPDF နှင့် ရည်ရွယ်ချက်တူသော မည်သည့်အဖွဲ့အစည်းများ နှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းပါရှိသည်။

 

ယခင်သုံးစွဲခဲ့သော ရှမ်းတောင် အင်းလေးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ( IPDF ) အား တပ်ရင်း ( ၁၀၀၉ ) ၏ တပ်ရင်းတပ်ဖွဲ့အဖြစ် လူမှုကွန်ရက်စာမျက်နှာ (Face book Page) တွင် အမည်ပြောင်းလဲသုံးစွဲသွားမည် ဖြစ်ပြီး ယခင် Inle People Defense Force Page အား တပ် ရင်း (၁၀၀၉) ၏ ထောက်ပို့ Page အဖြစ် ဆက်လက်သုံးစွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည် ။

 

တပ်ရင်း၏ စစ်ရေးစစ်ရာနှင့်သက်ဆိုင်သော ကိစ္စရပ်များ ၊ တရားဝင်အသိပေးကြေညာချက်များကိုမူ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဒေသ ( ၃ ) ၊ တပ်ရင်း ( ၁၀၀၉ ) အဖြစ် ( Facebook Page ) လူမှုကွန်ရက်စာမျက်နှာ အသစ်ဖွင့်ပြီး ပြည်သူများထံ အသိပေးတင်ပြပေးသွားမည်ဖြစ်ကြောင်း IPDF မှ ထုတ်ပြန်အသိပေးထားသည်။

 

#HsanLoiVoice

 

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

 

https://hsanloivoice.org/