နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အင်းလေးဖောင်တော်ဦးဘုရားဆွဲလှေမြုပ်၊ လူထိခိုက်မှုမရှိ

အင်းလေးဖောင်တော်ဦးဘုရားဆွဲလှေမြုပ်၊ လူထိခိုက်မှုမရှိ

Hsan Loi Editor
13/10/2026
Share:
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦးဘုရားပွဲတော် စတင်ကျင်းပတဲ့ အောက်တိုဘာလ ၁၂ ရက်မှာ အင်းလေးဖောင်တော်ဦးဘုရား ဆွဲလှေတစ်စီး မြုပ်သွားပြီး လူထိခိုက်မှုမရှိဘူးလို့ အင်းလေးဒေသခံတစ်ဦးထံမှ သိရပါတယ်။
ဖောင်တော်ဦးရုပ်ရှင်တော်မြတ်ဘုရားအား အင်းလေးဒေသ ၂၁ ဌာနသို့ ကြွချီအပူဇော်ခံရန် မူလစံကျောင်းတော်မှ အင်းတိန်ကျေးပေါခုံကျောင်းသို့ ဒေသစာရီကြွချီပြီး ဘုရားပွဲမှ အပြန် နမ့်ဟူးဆွဲလှေတစ်စီး မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။
“ဆွဲလှေမြုပ်တာ ဟုတ်ပါတယ်၊ နမ့်ဟူးက ရာကျော်လှေပါ၊ အပြန်က ဘုရားရှေ့မှာ မြုပ်တာပါ၊ စက်လှေတွေ အရမ်းမောင်းကြလို့ ရေလှိုင်းတွေရဲ့အရှိန်ကြောင့်နဲ့ ဆွဲလှေထဲရေဝင်ပြီး မြုပ်တာပါ၊ လူထိခိုက်မှုမရှိတော့မရှိပါဘူး၊ စက်လှေသမားတွေအနေနဲ့ ဘုရားဆွဲလှေနားရောက်ရင် ဖြေးဖြေး မောင်းပေးကြပါ” လို့ ဆိုပါတယ်။
အင်းလေးဖောင်တော်ဦးဘုရားပွဲဟာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေကြား ထင်ရှားကျော်ကြားတဲ့ ပွဲတော်တစ်ခုဖြစ်ပြီး အောက်တိုဘာ လ ၁၂ ရက်မှ အောက်တိုဘာလ ၂၉ ရက်အထိ အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီကြွချီအပူဇော်ခံမှာဖြစ်ပြီး အင်းသားရိုးရာလှေလှော်ပြိုင်ပွဲလည်း ထည့်သွင်း ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။