နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အင်းလေးတွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား

အင်းလေးတွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား

Hsan Loi Editor
17/10/2023
Share:

 

သျှမ်းပြည် တောင်ပိုင်းညောင်ရွှေမြို့နယ် အင်းလေးကန်အရှေ့ဖက်ခြမ်း နှင့် အနောက်ဖက်ခြမ်းတို့တွင် ယခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

အောက်တိုဘာ ၁၅ ရက် ည ၇ နာရီအချိန်ခန့်က ညောင်ရွှေမြို့နယ် အင်းလေးကန်အရှေ့ဖက် တောင် ခြေ မြင်းစခွန့် ကျေးရွာအုပ်စု ၊ ဝါးတောရွာနင့် ရွှေလှဖုန်းရွာကြားရှိ ဖုန်းတိုင်တတိုင်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁၂ ရက်ကလည်း အင်းလေးဒေသ လင်းကင်းကျေးရွာအုပ်စု၊ ကံရွာရှိ လောင်းကစားဝိုင်းအနီးဗုံးပေါက် ကွဲမှုဖြစ်ပွား

ခဲ့သေးကြောင်း သိရသည်။

 

“ လင်းကင်းမှာ ပေါက်ကွဲတုန်းကတော့ နေအိမ်နံရံပါ ပြိုတယ် ၊ ပေါက်ကွဲသံလဲအကျယ်ကြီးပဲ ဟူပင်ဟိုတယ်က ဧည့်သည်တွေတောင် နောက်နေ့ထွက် ပြေးရတယ်” ဟု ခေါင်တိုင်ဒေသခံတစ်ဦးကပြောသည်။

 

လက်ရှိတွင် အင်းလေးဒေသ၌ စစ်ကောင်စီ ဦးဆောင်၍ အင်းလေးဖောင်တော်ဦးဘုရားပွဲကျင်းနေချိန်ဖြစ်ပြီး အင်းလေးတော်လှန်ရေးအင်အားစုများကအဆိုပါဘုရားပွဲအား တစ်နိုင်ငံလုံး လူသတ်မီးရှို့ဘာသာရေးအဆောက်အအုံများ ဖျက်ဆီးနေသည့်ကြားမှ စစ်ကောင်စီ ဖိအားပေးကျင်းပသည့် ပွဲကို မပါဝင်ကြရန် လှံ့ဆော်မှုများရှိနေကြောင်း သိရသည်။

 

၄င်းပေါက်ကွဲမှုများတွင် လူထိခိုက်မှုမရှိသော်လည်း စစ်ကောင်စီက မသင်္ကာ၍ ဖမ်းဆီးသွားသည့် ရွာ သားများလည်းရှိကြောင်း သိရသည်။

 

“ ပေါက်ကွဲမှုဖြစ်ရင် စစ်တပ်က ရမ်းသန်းဖမ်းနေကြလေ သပြေပင်ရွာသားတွေပါသွားတယ် မိသားစုဝင်တွေနဲ့ ရွာသူကြီးက လိုက်ထုတ်တော့မှ ပြန်လွတ်လာတယ်လို့ သိရတယ်” ဟု ၄င်း ဒေသခံက ဆိုသည်။

 

 

 

ပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို HsanLoiVoice မှ အတည်မပြုနိုင်သေးပေ။

 

Photo- အင်းလေးဒေသ ပုံဟောင်း