နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အင်တာနက်ဝန်ဆောင်မှုများ ဒီဇင်ဘာလကုန်ခန့်မှာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိမည်

အင်တာနက်ဝန်ဆောင်မှုများ ဒီဇင်ဘာလကုန်ခန့်မှာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိမည်

Hsan Loi Editor
05/12/2025
Share:
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်က ပြတ်တောက်သွားတဲ့ အိမ်သုံးဝိုင်ဖိုင်အင်တာနက်လိုင်းများ ယခု ဒီဇင်ဘာလကုန်ခန့်မှာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိမယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ သွယ်တန်းချိတ်ဆက်ထားတဲ့ UMO ပင်လယ်ရေအောက် ဖိုင်ဘာ ကေဘယ်ဆက်ကြောင်း ချို့ယွင်းပြတ်တောက်မှုကြောင့် အင်တာနက်ဝန်ဆောင်မှု ရယူအသုံးပြု ထားတဲ့ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများနဲ့ Internet Service Provider (ISP)များ၏ အင်တာ နက်ဝန်ဆောင်မှုများ နှေးကွေးမှုများဖြစ်ပေါ်ခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

UMO ဆက်ကြောင်း ပြန်လည်ကောင်းမွန်စေရေး စီစဥ်ဆောင်ရွက်နေစဉ် အင်တာနက်ဝန်ဆောင်မှုများ အဆင်ပြေစွာ အသုံးပြုနိုင်စေရန် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်းများ ထပ်မံတိုးမြှင့် ချိတ်ဆက် အသုံးပြုထားရှိတဲ့အတွက် အင်တာနက်ဝန်ဆောင်မှုများ အထိုက်အလျောက် ပြန်လည် ကောင်းမွန် နေပြီလို့ သိရပါတယ်။

ဒီပြုပြင်မှုကို ဒီဇင်ဘာလကုန်ခန့်မှာ ဆောင်ရွက်ပြီးစီးမှာဖြစ်လို့ အင်တာနက်ဝန်ဆောင်မှုများ မူလ အခြေအနေသို့ မကြာမီပြန်လည်ရောက်ရှိမှာဖြစ်တယ်လို့ ဒီကနေ့ထုတ် သတင်းစာမှာ အသိပေး ဖော်ပြထားပါတယ်။