နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အကြွေးကိစ္စစကားများပြီး ဓါးနှင့်တိုက်ခိုက်ရာ အူများထွက်ကျလာ၍ မန္တလေး ဆေးရုံသို့ပို့လိုက်ရ

အကြွေးကိစ္စစကားများပြီး ဓါးနှင့်တိုက်ခိုက်ရာ အူများထွက်ကျလာ၍ မန္တလေး ဆေးရုံသို့ပို့လိုက်ရ

Hsan Loi Editor
15/07/2023
Share:

 

ဇူလိူင်လ ၁၄ ရက် ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်ခန်တွင် ပြည်ကြီးတံခွန်မြို့နယ် ၁၂၅ လမ်း၊ လမ်း ၆၀-၆၁ ကြား၌ လူငယ်အချင်းချင်း အကြွေးတောင်းရာမှ ခိုက်ရန်ဖြစ်ပွားပြီး အသက် ၁၆ နှစ်အရွယ်တဦး ဓါးဖြင့်အထိုးခံရကြောင်း သိရသည်။

ဓါးထိုးခံရပြီး အူများပါ ထွက်ကျလာ၍ ရွှေမဥ္ဇူပရဟိတအသင်းမှ မန္တလေးပြည်သူ့ဆေးရုံသို့ ချက်ခြင်း ပို့ပေးလိုက်ကြရကြောင်း သိရသည်။

မန္တလေးမြို့ဧရိယာအတွင်း မကြာခဏ ဖုန်း၊ ဆိုင်ကယ်လုယက်မှုများ၊ ခိုးမှုများ၊ အိမ်ရာမဲ့ပြဿနာများ၊ အိမ်ခြံမြေပြဿနာများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရသည်။

ယမန်နေ့တွင်လည်း လမ်း ၃၀ မန္တလေးဆေးရုံကြီးတဝိုက်တွင် လူငယ် ၂ ဦးက ဆိုင်ကယ်စီးကာ ဖုန်းလိုက်လံလုယက်နေကြောင်း သိရသည်။

မန္တလေးမြို့ခံတဦးက အနယ်နယ်အရပ်ရပ်မှ မန္တလေးသို့ ဆေးလာကုမည့်သူများ၊ အလည်အပါတ် လာရောက်မည့် ဒေသခံများ၊ အဖိုးတန်လက်ဝတ်ရတနာများ ဝတ်ဆင်၍ သွားလာခြင်းကို ရှောင်ရှားရန် ပြောပါသည်။

 


Ref: ရွှေမဉ္ဇူပရဟိတအသင်း