နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဟဲဟိုးမြို့ တီခေါင်တောင်အကွေ့တွင် ဆီ​ဘောက်ဆာ ယာဥ်တိမ်း​မှောက် 

ဟဲဟိုးမြို့ တီခေါင်တောင်အကွေ့တွင် ဆီ​ဘောက်ဆာ ယာဥ်တိမ်း​မှောက် 

Hsan Loi Editor
03/12/2022
Share:

 

သျှမ်းပြည်​တောင်ပိုင်း က​​လောမြို့နယ် ဟဲဟိုးမြို့ တီခေါင်တောင်အကွေ့တွင် ဆီ​ဘောက်ဆာယာဥ်တစ်စီး တိမ်း​မှောက်ခဲ့ပြီး ယာဥ်​မောင်းအပါအဝင် အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

 

နိုဝင်ဘာ ၂၉ ရက် နေ့ ဟဲဟိုးမြို့ သီ​ခေါင်​တောင်အ​ကွေ့တွင် ရန်ကုန် သီလဝါဆိပ်ကမ်းမှ တောင်ကြီးဖက်သို့ဒီ ဇယ်နှင့်​ အောက်တိန်းဆီသယ်​ဆောင်လာသည့်ဆီဘောက်ဆာယာဥ် တိမ်း​မှောက်​ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ ကားကအရှိန်မထိန်းနိုင်ဘဲ လမ်းညာဖက်ကိုတိမ်း​မှောက် သွားတာ ၊ ဒီဇယ် ၆၀၀ ဂါလံနဲ့ အောက်တိန်း ၉၂ ၁၅၀၀ ဂါလံကို သယ်လာတဲ့ယာဥ်ပါ” ဟု ၄င်းနေရာသို့ ကူညီကယ်ဆယ်ရန်ရောက်လာသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ​ပြောသည်။

 

ယင်းဖြစ်စဥ်တွင် ဆီ​ဘောက်ဆာယာဥ်​မောင်းအပါအဝင် ယာဥ်​ပေါ်ပါအမျိုးသား ၂ ဦးအား သက်ဆိုင်ရာမှ စစ်​ဆေး​နေ​ကြောင်း သိရသည်။

 

#HsanLoiVoice

 

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

 

https://hsanloivoice.org/