နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဟုမ္မလင်းမြို့နယ် သျှမ်းနီတိုင်းရင်းသားလူငယ်ခေါင်းဆောင် စိုင်းအုန်းလွင်နေအိမ်အား ခန္တီးခရိုင် HPDF-124 က ချိတ်ပိတ်

ဟုမ္မလင်းမြို့နယ် သျှမ်းနီတိုင်းရင်းသားလူငယ်ခေါင်းဆောင် စိုင်းအုန်းလွင်နေအိမ်အား ခန္တီးခရိုင် HPDF-124 က ချိတ်ပိတ်

Hsan Loi Editor
06/05/2024
Share:

 

၂၀၂၄ ခုနှစ် ဧပြီလ(၂၇)ရက်နေ့က သျှမ်းနီတိုင်းရင်းသားလူငယ်ခေါင်းဆောင် စိုင်းအုန်းလွင်၏ ဟုမ္မလင်းမြို့နယ်၊ နားမော်ကျေးရွာရှိ နေအိမ်အား ခန္တီးခရိုင် PDF က ချိတ်ပိတ်သွားခဲ့ကြောင်း သိရသည်။ ချိတ်ပိတ်သွားသော အဖွဲ့သည် NUG လက်အောက်ခံ၊ ခန္တီးခရိုင်တပ်ရင်းဖြစ်သော HPDF-124 က ဖြစ်သည်။

ဒါ့အပြင် စိုင်းအုန်းလွင်၏ နေအိမ်ကိုလည်း အဆိုပါဒေသကာကွယ်ရေးအဖွဲ့(PDF)က ဝင်ရောက်မွှေနှောက်ခဲ့ပြီး ဖျက်ဆီးမှုပြုခဲ့သည်ဟု Shanni Nationalities Unity Association က ဖော်ပြသည်။ အိမ်ဝိုင်းအတွင်းကိုလည်း မိုင်းထောင်ထားခဲ့ရာ စိုင်းအုန်းလွင်၏ အကိုဖြစ်သူက အိမ်ပျက်စီးမှုအခြေအနေပြန်ကြည့်စဉ် ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယခင်ကလည်း သျှမ်းနီဒေသအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့များ ပဋိပက္ခများဖြစ်ပေါ်ခဲ့ဖူးသလို သျှမ်းနီတိုင်းရင်းသားများ၏ သျှမ်းအိုးစည်များအား မီးရှို့ဖျက်ဆီးခြင်း၊ သျှမ်းနီသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ဒေသခံ သျှမ်းနီလူငယ်များအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ ဖြစ်ပေါ်ခဲ့ဖူးသည်။