နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဟိုပုံး-တောင်ကြီးတိုးဂိတ်အနီးက သျှမ်းမြောက်စစ်ရှောင်တွေ အရေးပေါ် အကူအညီလိုအပ်နေ  

ဟိုပုံး-တောင်ကြီးတိုးဂိတ်အနီးက သျှမ်းမြောက်စစ်ရှောင်တွေ အရေးပေါ် အကူအညီလိုအပ်နေ  

Hsan Loi Editor
29/11/2023
Share:

 

သျှမ်းပြည်မြောက်ပိုင်းက လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် သျှမ်းပြည်တောင်ပိုင်းကို တက်လာကြတဲ့ စစ်ရှောင်ပြည်သူတွေ နမ့်စန်စစ်ဆေးရေးဂိတ်နဲ့ ဟိုပုံး-တောင်ကြီးတိုးဂိတ်အနီးက စစ်ဆေး ရေးဂိတ်တွေမှာ ထောင်နဲ့ချီရောက်ရှိနေကြတယ်လို့ စုံစမ်း သိရပါတယ်။

 

“ သျှမ်းမြောက်က စစ်ဘေးရှောင်တွေပါ ခန့်မှန်း လူ (1000) ကျော်လောက်ရှိတယ်၊ ၁၂ ဘီးကားတွေနဲ့ ရောက်လာကြတာဖြစ်ပြီး နောက်ထပ်လည်း လူအများကြီး ရောက်လာဖို့ရှိနေပါတယ်။ သူတို့တွေ ထမင်းမစားရတာ ၂ ရက်လောက် ရှိပါပြီ။ လူတော်တော်များများက ငွေလဲ မပါကြပါဘူး။အဲ့ဒီဂိတ်အနီးနားမှာ ဝယ်စားစရာ ဆိုင်လည်းမရှိပါဘူး ၊ ဒေသခံတစ်ချို့ကသတင်းရပြီး ထမင်းဘူးတွေလာ ဝေပေးတာတွေ ၊ ရေဘူး/ ပေါင်မုန့်နဲ့ ဆေးဝါးအချို့ အရေးပေါ် လှူခဲ့တာတွေတော့ရှိပါတယ် ဒါပေမဲ့ မလောက်ငှပါဘူး ” လို့ စစ်ရှောင်တွေကို ကူညီနေသူတစ်ဦးကပြောပါတယ်။

 

အဲ့ဒီ ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေဟာတောင်ကြီး မြို့ကို ဖြတ်သန်းသွားလာခွင့် ခွင့်ပြုမိန့် အတွက် စစ်ဆေးရေးဂိတ်အနီးက ကွင်းပြင်မှာပဲ စောင့်စိုင်းနေကြရတာဖြစ်ပြီး ခွင့်ပြုမိန့်ရဖို့ ဘယ်နှစ်ရက်ကြာမယ်မှန်း မသိရသေးပဲ အထက်က သွားခွင့်ပြုတာနဲ့ ခရီးဆက်ကြမှာဖြစ်တယ် လို့သိရပါတယ်။

 

“ တစ်ချို့က ကားသာလိုက်စီးပြီး ထွက်လာရတာ။ ဘယ်အရပ် ဘယ်ဌာနေကို သွားရမှန်း မသိကြတဲ့သူတွေ ဒုနဲ့ ဒေးပါပဲ ၊ တစ်ချို့ကလည်း ဆွေမျိုး/ အသိမိတ်ဆွေရှိရာ နတ်မောက်၊ သာစည် နဲ့ တစ်ခြားမြို့တွေကို သွားကြမယ့်သူတွေရှိတယ် သူတို့အလိုရှိရာအရပ်ကို ဦးတည်သွားကြမှာပါ” လို့ဆိုပါတယ်။

 

သျှမ်းတောင်နမ့်စန် စစ်ဆေးရေးဂိတ်မှာလဲ စစ်ဆေး‌မှုတွေကြောင့် ပိတ်မိနေသူတွေ ရာနဲ့ချီရှိနေပြီး နမ့်စမ်ဂိတ်ကျော်ပြီး နောက်ရက်တွေဆို ဟိုပုံးဂိတ်မှာ ထပ်ရောက်လာကြဦးမှာဖြစ်တယ်လို့ဆိုပါတယ်။

 

“ နောက်ထပ် ၁၂ ဘီးကား ၅ စီးထပ်ဝင်ဖို့ရှိပါတယ်။

နမ့်စမ်ဂိတ်မှာ ဖြတ်လာမယ့် ကားတွေ ကျန်နေပါသေးတယ်။ နမ့်စမ်ဂိတ်မှာ ဖြတ်ခွင့်မရပဲ ကျန်နေတာတွေ အများမှအများကြီးရှိပါသေးတယ် ၊ရာသီဥတုက ည ၇ နာရီဆို အိမ်ထဲနေရတဲ့သူတွေတောင် အရမ်းအေးလာနေပါပြီ။ ကွင်းပြင်ထဲနေနေရရှာတဲ့ ၊ သူတို့တတွေဘယ်လောက်တောင် ခိုက်ခိုက်တုန် ချမ်းအေးပြီး ဆာလောင်မွတ်သိပ်နေရှာ လိမ့်မလဲ ဒါကြောင့်အရေးပေါ်ကူညီမှုတွေအများကြီးလိုအပ်နေပါတယ် ” လို့ စစ်ရှောင်တွေကို ကူညီနေသူကပြောပါတယ်။

 

စစ်ရှောင်တွေအတွက် အရေးပေါ်လိုအပ်ချက်မှာ စားသောက်စရာနဲ့ ရေ ဖြစ်ပြီး ဆေးဝါး၊ အမျိုးသမီးအသုံးအဆောင်ပစ္စည်း၊ စောင်၊ အနွေးထည်များ လည်းလိုအပ်နေတာဖြစ်တဲ့အတွက် လာရောက်လှူဒါန်းကြဖို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက တောင်းဆိုထားပါတယ်။