ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

ဟိုပုံးမြို့နယ်အတွင်း (၁၂)ဧကရှိတဲ့ ဘိန်းခင်းများကို ဟန်ပြဖျက်ဆီး မှတ်တမ်းယူ

ဟိုပုံးမြို့နယ်အတွင်း (၁၂)ဧကရှိတဲ့ ဘိန်းခင်းများကို ဟန်ပြဖျက်ဆီး မှတ်တမ်းယူ

Hsan Loi Editor
08/01/2025
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အတွင်းရှိ (၁၂)ဧကကျယ်ဝန်းတဲ့ ဘိန်းခင်းများကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များက မှတ်တမ်းဓါတ်ပုံအတွက် ဟန်ပြဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၅)ရက်နေ့က ဟိုပုံးမြို့နယ်၊ နောင်လိုင်မူဖိတ်ကျေးရွာ အုပ်စု၊ ပန်ကုလား ကျေးရွာရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ဖူးပွင့်ဆဲဘိန်းခင်း (၁၂)ဧကခန့်ကို ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိ သူများက ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

 

“ ဘိန်းခင်းဖျက်တာက ဟန်ပြပါ သူတို့ရဲ့ လှုပ်ရှားမှုမှတ်တမ်းရဖို့အတွက်ပဲလေ၊ အခုဖျက်တာက ဖူးပွင့်နေဆဲ ဘိန်းခင်းကို နည်းနည်းဖျက်ပြ ပုံရိုက်ပြီးတော့ အစေးခြစ်ယူပြီးသား အခင်းတွေကိုပဲ ဖျက်တာများတယ်” လို့ ဟိုပုံးဒေသခံတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သျှမ်းပြည်နယ်တောင်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှု ပိုမိုတိုးလားပြီး ကားလမ်းဘေးဝဲယာထိ ပေါ်ပေါ်ထင်ထင်စိုက်ပျိုးလာကြတယ်လို့ သိရပါတယ်။