နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဟိုတယ် အောင်ပန်း ပြိုကျမှု အသက်ရှင်လျှက် ၁၅ ဦးနဲ့ သေဆုံး၂ ဦး ကယ်ထုတ်ထား 

ဟိုတယ် အောင်ပန်း ပြိုကျမှု အသက်ရှင်လျှက် ၁၅ ဦးနဲ့ သေဆုံး၂ ဦး ကယ်ထုတ်ထား 

Hsan Loi Editor
29/03/2025
Share:

 

ယနေ့နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း မြေငလျင် ကြောင့်ပြိုကျသွားတဲ့

အောင်ပန်းမြို့က ၅ ထပ် အဆောက်အဦး ဟိုတယ် အောင်ပန်း မှာ ည ၇ နာရီဝန်းကျင်အထိ အသက်ရှင်လျှက် ၁၅ ဦးနဲ့ (သေဆုံး)Dead body ၂ ဦး ဆယ်ထုတ်နိုင်ခဲ့တယ်လို့ အရေးပေါ်ကူညီ ကယ်ဆယ်ရေးတွေ လုပ် ဆောင်ပေးနေသူ ဆီကသိရပါတယ် ။

 

” ၅ထပ်ရှိတဲ့ ဟိုတယ်ကအပေါ်ဆုံး ၁ ထပ်ပဲကျန်ခဲ့ပါတယ် ၊ သေဆုံးသူတွေရှိပြီး ကျန်တာတွေလည်း ထပ်ရှာနေကြတုန်းပါပဲ အဆင်ပြေပါစေ ” လို့ အောင်ပန်းမြို့ခံ တစ်ဦးက ပြောပါတယ် ။

 

ဒီကနေ့ နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း မြေငလျင်ကြောင့် သျှမ်းတောင်မှာ တောင်ကြီးမြို့အပါအဝင် အင်းလေး၊ ညောင်ရွှေ ၊ ဟိုပုံး ၊ ဆီဆိုင်၊ ပင်လောင်း၊ ရွာငံမြို့နယ်တွေနဲ့ လင်းခေး ၊ မောက်မယ်စတဲ့ မြို့နယ်တွေမှာ သာသနိက အ ဆောက်အဦးတွေ၊ စေတီတွေနဲ့ နေအိမ်အဆောက်အဦးတွေ အများအပြားပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။