နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်း-ကယား နယ်စပ် တိုက်ပွဲများတွင်စစ်ကောင်စီဖက်မှအရာရှိ၊စစ်ကြောင်းမှူးများအ ပါအဝင် စုစု ပေါင်း (၆၂) ဦးသေဆုံးဟုဆို 

သျှမ်း-ကယား နယ်စပ် တိုက်ပွဲများတွင်စစ်ကောင်စီဖက်မှအရာရှိ၊စစ်ကြောင်းမှူးများအ ပါအဝင် စုစု ပေါင်း (၆၂) ဦးသေဆုံးဟုဆို 

Hsan Loi Editor
09/06/2023
Share:

 

သျှမ်း-ကရင်နီ (ကယား) နယ်စပ်တွင် စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံတပ်ရင်းနှင့်သျှမ်းတောင်ဒေသခံကာ ကွယ်ရေးတပ် အပါအဝင် ကရင်နီ‌ဒေသကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိ၊စစ်ကြောင်းမှူးများအပါအဝင် စုစု ပေါင်း (၆၂) ဦးသေဆုံးခဲ့ကြောင်း Joe Phyu Revolution Force၊ သျှမ်းတောင် ‌ဗဟို‌ ကော်မတီ သတင်းနှင့်ပြန် ကြားရေး ကထုတ်ပြန်ထားသည် ။

 

ဖယ်ခုံမြို့ အနောက်ဖက်ခြမ်း လွယ်ဟဲ နှင့် လွယ်လုံရွာ စစ်ကြောင်းတစ်ကြောင်း၊ ခေါင်းအိ နှင့် စက်တော်ရွာဖက်တွင် စစ်ကြောင်းတစ်ကြောင်း၊ နှင့် လတူးဖက် စစ် ကြောင်းတစ်ကြောင်းစုပေါင်းစစ် ကြောင်း (၃) ကြောင်းဖြင့် ထိုးစစ်ဆင်လာခဲ့ပြီးတိုက်ပွဲပြင်းထန်ခဲ့ကြောင်း JPRF က ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ချက်အရသိရသည် ။

 

စစ်ကောင်စီ၏ ထိုးစစ်ဆင်လာမှုကို Joe Phyu Revolution Force နှင့်အတူ ဒေသခံတပ်ရင်းများဖြစ်ကြသည့် ဖယ်ခုံPDF, KNDF, PDF-Loikaw, DMO-PDFs စစ်ကြောင်း၊ DMO Local-PDFs စစ်ကြောင်း၊ MBPDF (1001 နှင့် 1007), တပ်ရင်းအမှတ် 1002, 1008, 1003,1009, KRU, NPT-PDF တပ်ရင်းများ နှင့် အလယ်ပိုင်းတိုင်း အထူး တပ်ဖွဲ့ စသည့် တော်လှန်ရေးတပ်များက ပူးပေါင်း၍ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ။

 

တိုက်ပွဲအတွင်းတွင် စစ်ကောင်စီဘက်မှ အရာရှိ၊စစ် ကြောင်းမှူးများအပါအဝင် စုစုပေါင်း(၆၂) ဦး သေဆုံးပြီး၊ အများအပြားထိခိုက်ဒဏ်ရာရခဲ့ခြင်းကြောင့် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေများစွာပစ်ခတ်/ကြဲချ သည်သာမက ဖယ်ခုံ စကခ(၇) နှင့် ၃၃၆ တပ် မှလက်နက်ကြီးနှင့်ပါ ပစ်ကူခဲ့ကြောင်းထုတ်ပြန်ချက်တွင်ထည့်သွင်းထားသည် ။

 

တိုက်ပွဲအတွင်း PDFပူးပေါင်းတပ်များ နှင့် KNDF တို့မှ ရဲဘော်(၃) ဦးကျဆုံးခဲ့ပြီးJPRFမှ ရဲဘော်တစ်ဉီးလက် နက်ကြီးစ ဦး ခေါင်းထိမှန်ဒဏ်ရာရရှိခဲ့ကာလက်ရှိတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည် ။

 

Joe Phyu Revolution Force သည် ယခုနှစ်မတ်လ က သျှမ်း- ကယားနယ်စပ် တောင်မဲသင်းတိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်ထိသျှမ်းတောင်မဟာမိတ်တပ်ရင်းများဖြစ်ကြသော 1008,1003, 1005,1009,KRUစသည့် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ သျှမ်းတောင်ရှေ့တန်းများတွင် ပူးပေါင်းပါဝင်တိုက်ခိုက်လျှက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည် ။

 

Photo#JPRF