နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်း-ကယားအပါအဝင် အခြားတိုင်းနဲ့ပြည်နယ်တွေမှာ လက်ရှိအေးတာထက် ပိုအေးမယ်လို့ ပညာရှင်တွေသတိပေး

သျှမ်း-ကယားအပါအဝင် အခြားတိုင်းနဲ့ပြည်နယ်တွေမှာ လက်ရှိအေးတာထက် ပိုအေးမယ်လို့ ပညာရှင်တွေသတိပေး

Hsan Loi Editor
18/12/2025
Share:
လာမယ့်ရက်ပိုင်းထဲ မြန်မာနိုင်ငံဒေသအနှံ့အပြားမှာ လက်ရှိအပူချိန် သိသိသာသာ လျော့နည်းကျဆင်းပြီး အအေးပိုလာနိုင်တယ်လို့ မိုးလေဝသ သတင်းထုတ်ပြန်ချက် တွေအရသိရပါတယ်။
ဒီဇင်ဘာလ ၁၉ ရက်ညပိုင်းကစပြီး ၂၃ ရက်မနက်ပိုင်းအထိ သျှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ကဒေသအားလုံးမှာလက်ရှိအပူချိန်ထက် အအေးပိုလာနိုင်သလို သျှမ်းမြောက်ဒေသတွေမှာသိသိသာသာ ပိုအေးလာနိုင်ပြီးအထူးသဖြင့် မူဆယ်ခရိုင်နဲ့ လောက်ကိုင်ခရိုင်တွေမှာ ထူးကဲစွာအအေးပိုနိုင်တဲ့ အတွက် အထူးဂရုပြု နေထိုင်ကြပါဖို့ကို သတိပေးထားပါတယ်။
ဒီဇင်ဘာလ (၂၀) ရက် ညပိုင်းမှ (၂၃) ရက်နေ့တွေမှာတော့ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း) နေပြည်တော် မန္တလေးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ကရင်ပြည်နယ် (အထက်ပိုင်း) ဒေသတွေမှာ လက်ရှိအခြေအနေထက် အအေးပိုလာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။