နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းမြောက် သိန္နီမြို့နယ်ရှိ မိုင်းပါးကျေးရွာအုပ်စု ရွာဝင်ဆိုင်းဘုတ်ကို ကိုးကန့်တပ် လာရောက်ဖျက်ဆီးသွား

သျှမ်းမြောက် သိန္နီမြို့နယ်ရှိ မိုင်းပါးကျေးရွာအုပ်စု ရွာဝင်ဆိုင်းဘုတ်ကို ကိုးကန့်တပ် လာရောက်ဖျက်ဆီးသွား

Hsan Loi Editor
06/10/2026
Share:
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ်ရှိ မိုင်းပါးကျေးရွာအုပ်စု ရွာဝင်ဆိုင်းဘုတ်ကို ကိုးကန့်တပ် MNDAA က မနေ့က လာရောက်ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ထံမှ သိရပါတယ်။
သိန္နီမြို့နယ်ကို ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ် MNDAA က မိုင်းပါးအုပ်စုရှိ သျှမ်းရွာရဲ့ ရွာအဝင်မှာ သျှမ်းစာနဲ့ မြန်မာစာ ရေးထိုးထားတဲ့ ဆိုင်းဘုတ်ကို ဒေသခံပြည်သူလူထုရဲ့ သဘောထား ဆန္ဒ မေးမြန်းခြင်းမရှိဘဲ လာရောက်ဖျက်ဆီးသွားခဲ့တာလို့ သိရပါတယ်။
No photo description available.
အခုလို MNDAA ရဲ့ လုပ်ရပ်ဟာ အတူနေတိုင်းရင်းသားများရဲ့ အမှတ်သညာ၊ စာပေ ယဥ်ကျေးမှုတွေကို လေးစားမှုမရှိဘဲ မထီမဲ့မြင် ဖျက်ဆီးနေတာပဲဖြစ်တယ်လို့ သိန္နီဒေသခံကတစ်ဦးကပြောပါတယ်။
ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့လာတဲ့ပုံအရ မူလဆိုင်းဘုတ်ကို ဖျက်ဆီးပြီး သုံးဖက်မြင် တြိဂံပုံ ပြန်လည်တည်ဆောက်ထားတာကို တွေ့ရပြီး မိုင်းပါးကျေးရွာ အုပ်စုအစား မိုင်းပါးမြို့နယ်အဖြစ် ပြန်လည်ရေးထိုးမှာဖြစ်သလို တရုတ်စာ၊ သျှမ်းစာ နဲ့ မြန်မာစာ ပါ ထည့်သွင်းရေးထိုးသွားမယ်လို့ နောက်ထပ်သတင်းရင်းမြစ်ထံမှ သိရပါတယ်။
မိုင်းပါးကျေးရွာ အဝင်ဆိုင်းဘုတ်နဲ့ ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူကို Hsan Loi Voice အနေနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရပါဘူး။

No photo description available.
ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရွာအဝင် ဆိုင်းဘုတ် တွေမှာ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ စာပေနဲ့ ရေးထိုးထားတာကို ကိုးကန့်တပ်က လာရောက်ဖျက်ဆီးသွားပြီး တရုတ်စာဖြင့် အစားထိုး ပြောင်းလဲရေးသားနေတဲ့ ဖြစ်စဥ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Photo – credit to owner