နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းမြောက် ကနေ သျှမ်းတောင်ဘက်ခြေဆန့်လာမယ့် ကျားဖြန့် အင်အား ၅၀၀ ကျော်ကို ဝ တပ် UWSA နဲ့ သျှမ်းတပ် SSPP တို့က လုံခြုံရေးယူပြီး လိုက်လံပို့ဆောင်ပေးနေ

သျှမ်းမြောက် ကနေ သျှမ်းတောင်ဘက်ခြေဆန့်လာမယ့် ကျားဖြန့် အင်အား ၅၀၀ ကျော်ကို ဝ တပ် UWSA နဲ့ သျှမ်းတပ် SSPP တို့က လုံခြုံရေးယူပြီး လိုက်လံပို့ဆောင်ပေးနေ

Hsan Loi Editor
11/05/2025
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်းကနေ သျှမ်းပြည်နယ်တောင်ပိုင်းအတွင်းသို့ ခြေဆန့်လာမယ့် တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ကိုင်သူ အင်အား ၅၀၀ ကျော်ကို ဝ တပ် UWSA နဲ့ သျှမ်းတပ် SSPP တို့က လုံခြုံရေးရယူပြီး လိုက်လံပို့ဆောင်ပေးနေတယ်လို့ စုံစမ်းသိရပါတယ်။

 

ကျောက်မဲမြို့နယ် ပန်ဟိုင်း ကနေ ရပ်စောက်မြို့နယ် နောင်ဝိုးအုပ်စု ဘက်သို့ ခြေဆန့်မယ့် ဝ တပ်က လုံခြုံရေးယူ ပို့ဆောင်ပေးနေတဲ့ ကျားဖြန့်အဖွဲ့သည် ယခုလက်ရှိ အထက်ရဲရွာ(တောင်ခြေရွာ)နဲ့ ရပ်စောက်မြို့နယ် နောင်လုံအုပ်စု ကောင်းခမ်ရွာကြား မှာ ရှိနေတယ်လို့ သိရပါတယ်။

 

“ကျားဖြန့်အဖွဲ့တွေ အင်အား ၅၀၀ ကျော်လောက်က အခု အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းရွာနဲ့ ကောင်းခမ်ရွာကြားမှာ ရောက်နေတယ်၊ သူတို့အဖွဲ့ကိုတော့ SSPP နဲ့ ဝ တပ်တွေက လုံခြုံရေးယူပေး နေတယ်၊ ပန်ဟိုင်းဘက်က ဝင်လာတာဆိုတော့ သျှမ်းမြောက် တန့်ယန်းမြို့နယ်ထဲကနေ နမ့်လန် အဲ့ကနေ ရပ်စောက်ထဲက နောင်ဝိုးကို ဝင်တာဖြစ်မယ်” လို့ စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။

 

ဒါ့အပြင် ၎င်းကျေးရွာအတွက် စားနပ်ရိက္ခာထောက် ပံ့ပေးမှာဖြစ်လို့ ကျေးရွာအတွင်း ကျားဖြန့်အဖွဲ့ ရောက်ရှိနေကြောင်းကို လျှို့ဝှက်ပေးထားရမယ်လို့ ဝ တပ် UWSA နဲ သျှမ်းတပ် SSPP တို့က ဒေသခံတွေထံ ပြောဆိုထားတယ်လို့ သိရပါတယ်။