နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းမြောက်ဒေသ တန့်ယန်းမြို့ကို ဝ တပ်ဖွဲ့များ ဝင်ရောက်လာပြီး စစ်ကောင်စီနှင့် လာရောက်တွေ့ဆုံသည်ဟုဆို 

သျှမ်းမြောက်ဒေသ တန့်ယန်းမြို့ကို ဝ တပ်ဖွဲ့များ ဝင်ရောက်လာပြီး စစ်ကောင်စီနှင့် လာရောက်တွေ့ဆုံသည်ဟုဆို 

Hsan Loi Editor
12/07/2024
Share:

 

သျှမ်းမြောက်ဒေသ တန့်ယန်းမြို့ထဲကို ဝ တပ်ဖွဲ့တွေ ဝင်ရောက်လာတာကို ယ‌နေ့ဇူလိုင်လ(၁၁)ရက်မှာ ဒေသခံတစ်ဦးက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရုပ်သံမှတ်တမ်း တင်ထားတာ ဖြစ်ပါသည်။

 

UWSA “ ဝ’ တပ်ဖွဲ့ အင်အားအများအပြား တန့်ယန်းမြို့ ထဲကို ကားနဲ့ ဝင်ရောက်လာတာဖြစ်ပြီး ထွက်ပေါ်လာနေတဲ့ သတင်းတွေအရ တန့်ယန်းမှာ တိုက်ပွဲမဖြစ်ပွားရေး စစ်ကောင်စီနဲ့ ညှိနှိုင်းပြီး ဝ တပ်ဖွဲ့တွေ ဝင်ရောက် နေရာယူတာလို့ သိရပါသည်။

 

စစ်ကောင်စီရဲ့ လော်ဘီ Telegram channel တစ်ခုက “ တန့်ယန်းမြို့မှာရှိတဲ့ စစ်ကောင်စီဗျူဟာကုန်းကို UWSA “ ဝ” အဖွဲ့မှ တပ်မဟာမှူး အဆင့်ရှိတဲ့သူက စစ်ကောင်စီမှ ဗျူဟာမှူး အား လာရောက်တွေ့ဆုံပြီး ညှိနှိုင်းမှုတွေလုပ်ကာ မိုင်းရယ်မြို့နဲ့ တန့်ယန်းမြို့ကို ပျက်စီးမှုမဖြစ်စေရဘူးဟု “ ဝ” တပ်ဖွဲ့က အာမခံတယ်” လို့ ဖော်ပြထားပါသည်။

 

နှစ်ဖက် ညှိနှိုင်းမှုအဆင်ပြေပြီး UWSA အဖွဲ့များ တန့်ယန်းမြို့ကနေ ခလရ(၆၇)တပ်ရှိတဲ့ ဟိုယ ရွာဘက်ကို ထွက်လာကြကြောင်း စစ်ကောင်စီလော်ဘီမှ ဆက်လက်ဖော်ပြထားကြောင်း သိရသည်။

 

“ ဝ” တပ်ဖွဲ့များ တန့်ယန်းမြို့ထဲ အင်အား အလုံး အရင်း ဝင်ရောက်လာတာနဲ့ပတ်သက်ပြီး ဒေသခံများက စိုးရိမ်နေကြကြောင်း သိရှိရပါသည်။