နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းမြောက်တက်မည့် ကားများအားလုံး စစ်ကောင်စီ၏ ဗထူးစစ်ဆေးရေးဂိတ်က ရက်အကန့်အသတ်မရှိဖြတ်သန်းခွင့်ပိတ်ထား

သျှမ်းမြောက်တက်မည့် ကားများအားလုံး စစ်ကောင်စီ၏ ဗထူးစစ်ဆေးရေးဂိတ်က ရက်အကန့်အသတ်မရှိဖြတ်သန်းခွင့်ပိတ်ထား

Hsan Loi Editor
14/11/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်းကို တက်မည့် ခရီးသည်တင်ယာဉ်အပါအဝင် ကုန်တင်ကားများအားလုံးအား ရပ်စောက်ဗထူးစစ်ဆေးရေးဂိတ်က နိုဝင်ဘာလ (၁၁) ရက်ကစ၍ ရက်အကန့်အသတ်မရှိဖြတ်သန်းခွင့်ပိတ်ထားကြောင်း သိရသည်။

 

သျှမ်းပြည်နယ်မြောက်ပိုင်းမှ သျှမ်းပြည်နယ်တောင်ပိုင်းခရီးသည်ယာဉ်များကတော့ အစစ်အဆေးတင်းကြပ်စွာဖြင့် ဖြတ်သန်းခွင့်ပြုသည်ဟုဆိုသည်။

 

“ ဗထူးစစ်ဆေးရေးဂိတ်ကနေ သျှမ်းမြောက်ကို တက်မယ့်ကားတွေကတော့ လုံးဝပေးမဖြတ်တော့ဘူး။ အကုန်လုံးပြန်လှည့်ခိုင်းနေတယ်။ တောင်ကြီးတက်တဲ့ကားတွေတော့ ပြောပြီးဖြတ်လို့ရသေးတယ်။ ဘာကြောင့်ဂိတ်ကိုပိတ်လိုက်တယ်ဆိုတာကိုတော့ သေသေချာချာ မရှင်းပြဘူး။” ဟု ကျောက်မဲ-တောင်ကြီးခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောပြသည်။

 

သျှမ်းမြောက်နှင့် သျှမ်းတောင်ကို ခရီးသွားမည်ဆိုပါက တောင်ကြီး-လွိုင်လင်-ပင်လုံ-လဲချား-မိုင်းကိုင်-နမ့်လန်လမ်းပိုင်းကိုသာ အသုံးပြုသွားလာနေရကြောင်း သတင်းရရှိသည်။