နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်အတွင်းရှိ စိတ်ကြွဆေးပြား ယာဘ ထုတ်လုပ်ဖြန့်ဖြူးသည့် နေရာ ၃၇ ခု ရှိခဲ့ 

သျှမ်းပြည်အတွင်းရှိ စိတ်ကြွဆေးပြား ယာဘ ထုတ်လုပ်ဖြန့်ဖြူးသည့် နေရာ ၃၇ ခု ရှိခဲ့ 

Hsan Loi Editor
11/03/2023
Share:

 

စိတ်ကြွဆေးပြား ထုတ်လုပ် ဖြန့်ဖြူးရေးရုံ ၃၇ နေရာရှိကြောင်း တရားမဝင် မူးယစ်ဆေးဝါးထိန်းချုပ်ရေး အရာရှိများက ၂၀၁၈ က မြေပုံနှင့်တကွ ထုတ်ဖော် ပြောကြားခဲ့ဖူးပါသည်။

 

ထုတ်လုပ်ဖြန့်ဖြူးသည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နေရာများသည်

 

၁။ MNDAA (ကိုးကန့်မြို့နယ် ၁ ရုံ)၊

၂။ ဦးဟော် အထူးရဲတပ်ဖွဲ့ (ကွန်လုံမြို့နယ် ၂ ရုံ)၊

၃။ UWSA (ပန်ခမ်း ၁ ရုံ)၊ UWSA (မိုင်းလား၌တည်ထားသည့်ရုံ ၁ ရုံ)၊

၄။ UWSA (မိုင်းယွန်း ၂ ရုံ)၊

၅။ UWSA နှင့် လားဟူပြည်သူ့စစ် (တာချီလိတ် ၃ ရုံ)၊

၆။ UWSA (မိုင်းဆတ်၌ ၂ ရုံ)၊

၇။ UWSA (မိုင်းတုံမြို့နယ် ၃ ရုံ)၊

၈။ သျှမ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (မောက်မယ် ၂ ရုံ)၊

၉။ ခေါက်သျှမ်းချိုစမ်းအုပ်စုနှင့် သျှမ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (နမ့်စန် ၄ ရုံ)၊

၁၀။ ယန်ဂျူးအုပ်စု (မိုင်းရူး ၁ ရုံ)၊

၁၁။ မန်ပန်ပြည်သူ့စစ်၊ မိုင်းဂါပြည်သူ့စစ်နှင့် SSA မြောက်ပိုင်း/SSPP တပ်မဟာ ၁ (တန့်ယန်းမြို့နယ် ၃ ရုံ)၊

၁၂။ ကချင်ကာကွယ်ရေးအာမီ (ကွတ်ခိုင် ၁၀ ရုံ)၊

၁၃။ ပန်းဆေးကျော်မြင့် ပြည်သူ့စစ်အဖွဲ့ ( နမ့်ခမ်း ၂ ရုံ)

 

စုစုပေါင်း ၃၇ နေရာ သိရှိထားကြောင်း နိုင်ငံတကာမှ တရားမဝင်မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အရာရှိများ၊ လေ့လာစောင့်ကြည့်သူများ၊ မလေးရှားရဲတပ်ဖွဲ့က၂၀၁၈ ခုနှစ်၊ ဇွန်လတွင် သတင်းမီဒီယာများကတဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။

 

အလားတူ dkhkatribune.com ကလည်း သျှမ်းပြည်မှ ယာဘများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ စီးဆင်းသွားပုံကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က ထုတ်ဖော်ရေးသားခဲ့ဖူးသည်။ ပြည်ထောင်စုအဆင့် လွှတ်တော်အမတ်အချို့၊ သျှမ်းပြည်လွှတ်တော်အမတ်အချို့နှင့် သ◌ြဇာရှိသူတချို့လည်း နောက်ကွယ်မှ ပါဝင်ပါတ်သက်မှုရှိသည်ဟု လေ့လာဖတ်ရူ့ရသည်။

 

Irrawaddy ကလည်း ၂၀၁၈ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က ထုတ်ဖော်ရေးသားဖော်ပြခဲ့သည်။