နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ၏ အတာသင်္ကြန်နှစ်သစ်ကူးဆုတောင်းစကား

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ၏ အတာသင်္ကြန်နှစ်သစ်ကူးဆုတောင်းစကား

Hsan Loi Editor
13/04/2025
Share:

 

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် နှစ်ဟောင်းကုန်ဆုံးပြီး မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းတော့မည့် အတာသင်္ကြန် အခါသမယမှာ တော်လှန်ရေးခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များနှင့် နိုင်ငံတဝန်းရှိ လူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံး ကိုယ်ရော စိတ်ပါ ကျန်းမာ၊ ချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

 

မိမိတို့ ရင်ဆိုင်နေရသော ပြဿနာများအားလုံးကို သီးခံစိတ်ထားရှိပြီး ခွင့်လွတ်ပေးနိုင်ကြပါရန်နှင့် ပြဿနာများကို အကောင်းဘက်မှ တွေးပြီးဖြေရှင်းသွားကြရန်၊ ဉာဏ် ပညာ၊ သတိ၊ ဝိရိယ ထားရှိ၍ အချင်းချင်းတွေ့ဆုံဆွေးနွေးကာ ပြုပြင်ပြောင်းလဲပြီး ပေါင်းစည်းသွားကြရန်၊

 

မိမိတို့ ပြည်သူတစ်ရပ်လုံးအနေဖြင့် ကိုဗစ်ကပ်ရောဂါဘေး၊ စစ်ဘေး၊ ရေဘေးနှင့် ငလျင်ဘေးတို့ ကြုံတွေ့လာခဲ့ရကာ ဘေးဒုက္ခအမျိုးမျိုးသည် နှစ်ဟောင်းမှာ ချန်ရစ်ခဲ့ပြီး ယခုလာမည့် နှစ်သစ်အခါသမယမှာ အတွေးသစ်၊ အမြင်သစ်၊ လုပ်ဆောင်မှုအသစ်ဖြင့် ဆောင်ရွက်နိုင်ကြကာ ပြည်သူ တစ်ရပ်လုံး မျှော်လင့်တောင်းတသည့်အရာများ ပြည့်စုံပါစေကြောင်း နှစ်သစ်ကူးဆုမွန်ကောင်း တောင်းလိုက်ပါသည်။

 

ဗိုလ်ချုပ်ကြီး ယွက်စစ်

ဥက္ကဋ္ဌ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ