နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယန်းမြို့နယ်တွင် သျှမ်းရိုးရာကျွဲခတ်ပွဲ ကျင်းပ

သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယန်းမြို့နယ်တွင် သျှမ်းရိုးရာကျွဲခတ်ပွဲ ကျင်းပ

Hsan Loi Editor
30/12/2022
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အဆိုပါဒေသ၌ နေထိုင်ကြသော သျှမ်းတိုင်းရင်းသား ဓလေ့တစ်ခုဖြစ်သည့် ရိုးရာကျွဲခတ်ပွဲကို မိုင်းလွေကျေးရွာနှင့် ယန်းခိုင် ကျေးရွာကြားတွင် ဒီဇင်ဘာလ (၂၉) ရက်နေ့ ကစတင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

 

သျှမ်းရိုးရာကျွဲခတ်ပွဲသို့ ၎င်းဒေသတွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများမှ လာရောက်ယှဉ်ပြိုင်ကြသည်။ ကျွဲခတ်ပြိုင်ပွဲဝင်မည့် ကျွဲများကို ပြိုင်ကွင်းအတွင်း ခေါ်ဆောင်လာပြီး ယှဉ်ပြိုင်ခတ်မည့် ကျွဲနှစ်ကောင်ကို မျက်နှာချင်းဆိုင်ထားကာ ခေါင်းချင်းဆိုင် ဦးချိုဖြင့် ဝေ့ဝိုက်တိုက်ခိုက်စေကြပြီး ပြိုင်ကွင်းအတွင်း ဦးစွာထွက်ပြေးသော ကျွဲအား အရှုံးအဖြစ် သတ်မှတ်သည်။ ပြိုင်ကွင်းအတွင်း ကျန်ရှိသော ကျွဲကို အနိုင်အဖြစ် သတ်မှတ်ပြီး ကျွဲပိုင်ရှင်ကို ဆုငွေများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

 

သျှမ်းရိုးရာ ကျွဲခတ်ပွဲသို့ ဒေသခံအများအပြား လာရောက်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။

 

credit & Thar Chaw

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/