နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဟောင်း ၊ စစ်ကောင်စီဗဟိုအကြံပေးအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင် ကွယ်လွန် 

သျှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဟောင်း ၊ စစ်ကောင်စီဗဟိုအကြံပေးအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင် ကွယ်လွန် 

Hsan Loi Editor
21/03/2025
Share:

 

သျှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဟောင်း ၊ စစ်ကောင်စီဗဟိုအကြံပေးအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင် သည် မတ်လ (၁၉)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်အချိန်က ကွယ်လွန်သွားကြောင်း သိရသည် ။

 

ဦးစိုင်းလုံးဆိုင် ကွယ်လွန်စဥ် အသက် (၇၈)ရှိပြီဖြစ်ပြီးကျိုင်းတုံမြို့အမှတ်(၄)၊ မိုင်းယန်းလမ်းရှိ ၄င်းနေအိမ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည် ။

 

၄င်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် သျှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှည်အနေဖြင့် ဝင်ရောက်ယှဉ် ပြိုင် အနိုင်ရ၍ လွှတ်တော်ဥက္ကဌ ဖြစ်လာပြီး ၂၀၁၀ခုနှစ်မှ ၂၀၂၀ခုနှစ်အထိ အစိုးရနှစ်ဆက် ဆက်တိုက် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌလည်း ဖြစ်ခဲ့သည်။

 

ဦးစိုင်းလုံးဆိုင်သည် ၂၀၂၁ခုနှစ်ကနေ ၂၀၂၃ခုနှစ်အထိ စစ်ကောင်စီ၏ ဗဟိုအဖွဲ့ဝင်အဖြစ် တာဝန်ပေးခံရပြီး ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်ကောင် စီ၏ ဗဟိုအဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ်ကာ ဗဟိုအကြံပေးအဖွဲ့၏ အဖွဲ့ဝင်အဖြစ် တာဝန်ပေးခံရပြီးနောက် ကျန်းမာ ရေးအခြေအနေအရ ၂၀၂၅ခုနှစ် ဇန်နဝါရီ(၈) ရက်နေ့မှ စ၍ အကြံပေးအဖွဲ့မှ အနားယူခွင့်ပေးလိုက်သည်ဟုသိရသည် ။