နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးကို ပို့ဆောင်လာသည့် သင်္ကြန်ကာလအတွင်း ဖြန့်ဖြူးရောင်းချမည့် စိတ်ကြွမူးယစ်ဆေးပြား (၂၁) သိန်းပြား တန်ဖိုးငွေကျပ် (၃.၂ ဘီလီယံ) အား ရန်ကုန်မြို့တွင် ဖမ်းဆီးရမိဟုဆို

သျှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးကို ပို့ဆောင်လာသည့် သင်္ကြန်ကာလအတွင်း ဖြန့်ဖြူးရောင်းချမည့် စိတ်ကြွမူးယစ်ဆေးပြား (၂၁) သိန်းပြား တန်ဖိုးငွေကျပ် (၃.၂ ဘီလီယံ) အား ရန်ကုန်မြို့တွင် ဖမ်းဆီးရမိဟုဆို

Hsan Loi Editor
04/04/2023
Share:

 

၂၀၂၃ ခုနှစ် မတ်လ (၃၀) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် (၁၁) ရပ်ကွက်၊ ကန်လမ်းရှိ ဟိုတယ်အနီးတွင် SURF ကားတစ်စီးပေါ်တွင် စိတ်ကြွမူးယစ်ဆေးပြား (၁)သိန်းပြား ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီမီဒီယာများက ဖော်ပြထားသည်။ အဆိုပါဖြစ်စဉ်နှင့်ဆက်စပ်ပြီး မရမ်းကုန်းမြို့နယ် ရပ်ကွက်(၄)ရှိ နေအိမ်တစ်အိမ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေရာ စိတ်ကြွမူးယစ်ဆေးဝါး (၃၁)သိန်းပြား ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါမူးယစ်ဆေးဝါးများသည် သျှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးကို ပို့ဆောင်လာခြင်းဖြစ်ပြီး နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း ဖြန့်ဖြူးရောင်းချရန်ဟုဆိုသည်။ ထို့ကြောင့် စိတ်ကြွမူးယစ်ဆေးပြား (၃၂)သိန်းပြား တန်ဖိုးငွေကျပ်(၃.၂ ဘီလီယံ) နှင့်အတူ တင်မောင်သန်းနှင့် အောင်သူ တို့(၂) ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

 

photo credit & original uploader