နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ သျှမ်းပြည်အလံနှင့် သျှမ်းစာရေးထားသော ဆိုင်းဘုတ်အား TNLA က ဖျက်ဆီးပြီး တအာင်းပလောင်အလံဖြင့်အစားထိုး

သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ သျှမ်းပြည်အလံနှင့် သျှမ်းစာရေးထားသော ဆိုင်းဘုတ်အား TNLA က ဖျက်ဆီးပြီး တအာင်းပလောင်အလံဖြင့်အစားထိုး

Hsan Loi Editor
15/05/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ မိုင်းယုလမ်းခွဲဆိုင်းဘုတ်အား ယခင်ကတည်းက သျှမ်းစာ မြန်မာစာများဖြင့် ရေးထားသလို သျှမ်းပြည်နယ်အလံကိုလည်း ဆိုင်းဘုတ်တွင် ထည့်သွင်းဖော်ပြထားသည်။ ယခုအခါ အဆိုပါ လမ်းခွဲဆိုင်းဘုတ်အား TNLA က ဖျက်ဆီးပြီး တအာင်းပလောင်အလံဖြင့် အစားလိုက်ကြောင်း သိရသည်။

သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အတွင်းဆက်ဆံရေးရုံးဖွင့်လှစ်ထားသော KIA ရုံးကိုလည်း TNLA က ဖိအားပေးဖယ်ရှားခိုင်းခဲ့ဖူးသည်။ ဒါ့အပြင် စစ်ဆင်ရေး (၁၀၂၇) မတိုင်မီကတည်းက သျှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာဝင်ဆိုင်းဘုတ်များအား TNLA က ဖျက်ဆီးပြီး ယခုလို ပြုလုပ်ခဲ့ဖူးသည်။

ကွတ်ခိုင်မြို့တွင် သျှမ်း၊ ကချင်၊ တအာင်း၊ တရုတ်၊ ဗမာနှင့် အခြားတိုင်းရင်းသားလူမျိုးပေါင်းများစွာ စုပေါင်းနေထိုင်သော မြို့ဖြစ်ပြီး SSPP/SSA၊ KIA၊ MNDAA နှင့် TNLA စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လှုပ်ရှားသွားလာသော ဒေသဖြစ်သည်။