နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသလို လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ ပျက်ကျထားမှုကြောင့် လျှပ်စစ်မီးများပါ ပြတ်တောက်နေ

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသလို လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ ပျက်ကျထားမှုကြောင့် လျှပ်စစ်မီးများပါ ပြတ်တောက်နေ

Hsan Loi Editor
05/12/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် စံဖိတ်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် TNLA တို့ ယနေ့ (၅.၁၂.၂၀၂၃)ရက်နေ့ နေ့လည်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။ ဒါ့အပြင် သီပေါမြို့ တောင်မြို့ရပ်ကွက်တွင်လည်း ပြည်သူလူထုနေအိမ်အပေါ်ကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံးပျက်စီးခဲ့ရသည်ဟုဆိုသည်။ ကျေးရွာအတွင်းရှိ လူနေအိမ်ခေါင်မိုးတစ်လုံးပေါ်ကိုလည်း မပေါက်ကွဲသေးသော လက်နက်ကြီးကျည်တစ်လုံး စိုက်နေကြောင်း သတင်းရရှိသည်။

ဒါ့အပြင် ကျောက်မဲ-သီပေါကြား ရွှေလီရွှေစာရံဓာတ်အားလိုင်းကိုး ပျက်ကျနေသောကြောင့် ယနေ့ညတွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ ကွတ်ခိုင်၊ တာမိုးညဲ၊ မိုင်းရယ်၊ နမ္မတူ၊ သီပေါ၊ နမ့်လန်၊ ကျောက်မဲမြို့နယ်အတွင်း လျှပ်စစ်မီးပြတ်တောက်လျက်ရှိကြောင်း သတင်းရရှိသည်။