နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား၊ အုတ်တံတိုင်းပြိုကျမှုကြောင့် လူတစ်ဦးသေဆုံး

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား၊ အုတ်တံတိုင်းပြိုကျမှုကြောင့် လူတစ်ဦးသေဆုံး

Hsan Loi Editor
14/09/2023
Share:

 

ယမန်နေ့ စက်တင်ဘာလ (၁၃) ရက်နေ့ ညပိုင်းခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လားရှိုးမြို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် လားရှိုးမြို့နယ်၌ ယမန်နေ့မွန်းလွဲ (၁း၃၅) အချိန်ခန့်ကစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ ဆင်းလာမှုကြောင့် လားရှိုးမြို့ပေါ် ရပ်ကွက် (၅၊ ၆၊ ၇၊ ၈၊ ၁၂) အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားပြီး လူနေအိမ်များအတွင်းထိ ရေဝင်ရောက်ခဲ့သည်။

 

ညနက်ပိုင်းအထိ မိုးတိတ်ခြင်းမရှိဘဲ ရပ်ကွက်အချို့တွင် ရေဝင်ပြီး နေအိမ်အတွင်း ပိတ်မိခြင်းများအပြင် အုတ်တံတိုင်းပြိုကျမှုကြောင့် လူတစ်ဦးပိမိပြီး သေဆုံးခဲ့ရသည်။

 

“လားရှိုးမြို့မှာ မိုးကြီးရင် အမြဲတမ်းရေကြီးရေလျှံမှုတွေ ဖြစ်နေကျပဲ။ ရေကြီးပြီဆိုရင်လည်း အုတ်တံတိုင်းတွေ ပြိုကျမှုတွေဖြစ်လိုဖြစ်၊ လမ်းမကြီးတွေလည်း ရေတွေပိတ်တာတွေဖြစ်နေကျပဲ။ မနေ့ညကတော့ ပရဟိတလူမှုကူညီရေးအဖွဲ့တွေတော့ ရပ်ကွက်အချို့မှာ ပိတ်မိနေတဲ့သူတွေကို လိုက်လံကူညီပေးနေတာတွေရှိတယ်။ အုတ်တံတားပြိုလို့ လူတစ်ယောက်အုတ်တံတားပိမိပြီး သေဆုံးခဲ့ရတယ်။” ဟု လားရှိုးဒေသခံတစ်ဦးက ပြောပြသည်။

 

ယနေ့ နံနက်ပိုင်းအထိ မိုးဆက်လက်ရွာသွန်းနေပြီး နံနက် (၁၀) နာရီခန့်မှသာ မိုးအနည်းငယ်စဲသွားကြောင်း သိရသည်။