နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်မြောက်ပိုင်း မြို့ (၃) မြို့၌ ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှု တစ်ချိန်တည်းဖြစ်ပွားခဲ့

သျှမ်းပြည်နယ်မြောက်ပိုင်း မြို့ (၃) မြို့၌ ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှု တစ်ချိန်တည်းဖြစ်ပွားခဲ့

Hsan Loi Editor
24/06/2023
Share:

 

ယမန့်နေ့ ဇွန်လ (၂၃) ရက်နေ့ည (၈) နာရီကျော်ကျော်ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ပေါ်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ (၁) နာရီနီးပါး ကြာသည်အထိ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မြို့လယ်ခေါင် ကျင်ကျန်းဝန်းအရှေ့ဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံများက ပြောပြသည်။

 

“ည ၈ နာရီကျော်လောက်ကတည်းက ဟိုဘက်ကအဖွဲ့က ဝင်ပစ်ရင်း အပြန်အလှန်ချကြတာ။ တစ်နာရီလောက်ကြာတဲ့အထိ ပစ်နေကြတုန်းပဲ။ လမ်းပေါ်မှာလည်း သေနေတဲ့လူတွေ တွေ့နေရတယ်။ ကျနော်တို့ကတော့ ကြောက်ပြီး အခန်းထဲဝင်ပုန်းနေရတာပေါ့။ ဘာကြောင့် တိုက်ပွဲဖြစ်တယ်ဆိုတာတော့ မသိဘူး။ တချို့တရုတ်တွေပြောသံကြားရတာတော့ MNDAA ကိုးကန့်အဖွဲ့က ဝင်ပစ်တာလို့ ပြောတယ်။ ကျနော်တို့က ဒီမှာအလုပ်လာလုပ်ကြတဲ့သူတွေပါ။” ဟု လောက်ကိုင်မြို့တွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးက ဖြစ်စဉ်ကို ပြောပြသည်။

 

အလားတူ သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ စက်မှုလမ်းဆုံ၌လည်း ယမန်နေ့ည (၇) နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ဖွဲ့အပါအဝင် ဒေသခံပြည်သူ့စစ်အဖွဲ့များက အမည်မသိအဖွဲ့တစ်ဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့သေးသည်။

 

ဒါ့အပြင် ည (၈) နာရီခွဲကျော်ကျော်ခန့်တွင်လည်း သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ (၁) ရပ်ကွက် လားရှိုး-မန္တလေး ကားလမ်းမကြီးနဘေးရှိ အသောက စက်သုံးဆီဆိုင်အား အမည်မသိအဖွဲ့တစ်ဖွဲ့မှ ဓာတ်ဆီဆိုင်အတွင်း လက်ပစ်ဗုံး (၂) လုံး လာရောက်ပစ်ခတ်ပြီး ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းလည်း သိရသည်။

 

သျှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ် (၃) မြို့နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ် (၃) ခုစလုံး ဆက်စပ်နိုင်ပြီး စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ် (MNDAA) တို့ ပဋိပက္ခကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ထားသည်။