နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ် ရှိ စစ်ကောင်စီတပ်ကို MNDAA အဖွဲ့မှ လာရောက်တိုက်ခိုက်ခဲ့ဟုဆို

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ် ရှိ စစ်ကောင်စီတပ်ကို MNDAA အဖွဲ့မှ လာရောက်တိုက်ခိုက်ခဲ့ဟုဆို

Hsan Loi Editor
05/06/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ (၅) ရပ်ကွက်ရှိ (၅၀၇) စစ်ကောင်စီတပ်အား ယနေ့ ဇွန် (၅) ရက်နေ့ နံနက် (၄) နာရီခန့်တွင် MNDAA က လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

 

သျှမ်းပြည်နယ်မြောက်ပိုင်းရှိ MNDAA တပ်စခန်းများကို စစ်ကောင်စီတပ်က ဇွန်လ (၂) ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၃) ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ လားရှိုးမြို့နယ်အပြင် သိန္တီမြို့တွင်လည်း ယမန်နေ့ညက လက်နက်ကြီးလက်နက်ငယ် အသံများကြားခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

 

“စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့ သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဆွေးနွေးပွဲပျက်ပြီးနောက် စစ်ကောင်စီမှ ထိုးစစ်ဆင်လာခြင်းဖြစ်နိုင်တယ်။ ဆွေးနွေးပွဲကို ဇွန်လ (၁) ရက်နေ့ကနေ ဇွန်လ (၃) ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ဇွန်လ (၂) ရက်နေ့မှာပဲ ပျက်သွားတယ်။ သူတို့အတွင်းထဲမှာ ဘယ်လိုအကြောင်းတွေ ဆွေးနွေးပြီး ဘာကြောင့် အစည်းအဝေးပျက်သွားတယ်ဆိုတာကိုတော့ ထုတ်ပြန်မလာဘူး။ တရုတ်ကြားဝင် ညှိနှိုင်းပေးရင်းကနေ အခုက ပိုပြီး စစ်ရေးအရတင်းမာလာတဲ့ အနေအထားလို့ ဆိုရမယ်။”ဟု သျှမ်းပြည်နိုင်ငံရေးလေ့လာသူတစ်ဦးကဆိုသည်။

 

ဇွန်လ (၂) ရက်နေ့ တိုက်ပွဲအတွင်း MNDAA တပ်စခန်း (၃) ခုကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် MNDAA တပ်သားအချို့ ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။