နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း (၂) ရက်ဆက်တိုက် ယာဉ်မတော်တဆဖြစ်ပွား

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း (၂) ရက်ဆက်တိုက် ယာဉ်မတော်တဆဖြစ်ပွား

Hsan Loi Editor
30/04/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာရွာနှင့် စလောင်းကျေးရွာကြား သီပေါ-လားရှိုး လမ်းမကြီး၌ ယမန်နေ့ (၂၉.၄.၂၀၂၃) ရက်နေ့ နံနက် (၁၁) နာရီဝန်းကျင်တွင် (၆)ဘီးကားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါမတော်တဆမှုကြောင့် ဆိုင်ကယ်စီးသူအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကားသမားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ ယနေ့ (၃၀.၄.၂၀၂၃) ရက်နေ့ မွန်းလွဲ (၂) နာရီဝန်းကျင်ခန့်၌လည်း သီပေါမြို့နယ် ကုံးမုံရွာနှင့် နမ့်အွန်ရွာကြား ကုန်းဆင်းတွင် ကားတစ်စီးလမ်းချော်ပြီး လမ်းဘေးထိုးကျခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲပိုင်း၌ မိုးအနည်းငယ်ရွာသွန်းမှုကြောင့် လမ်းချော်ခြင်းဖြစ်ပြီး ကားပေါ်လိုက်ပါစီးနင်းလာသူ (၁၀)ဦး ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိသူများကို နယ်စည်းမခြား ပရဟိတအသင်းနှင့် သီပေါလူငယ် အသင်းတို့မှ ကား(၃)စီးဖြင့် သီပေါဆေးရုံအရေးပေါ်ဌာနသို့ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။