နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် (၂) ရက်ဆက်တိုင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် (၂) ရက်ဆက်တိုင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

Hsan Loi Editor
02/02/2023
Share:

 

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် (၁၁) နာရီခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ဟိုမွန်ရပ်ကွက်၊ ကံ့ကော်လမ်းခွဲတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် ဟိုမွန်ရပ်ကွက်ဘက်မှ နာရီစင်ဘက်သို့ လမ်းလျောက်လာသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့်အတွက် မူဆယ်ပြည်သူ့ဆေးရုံသို့ ကုသမှုခံယူထားရသည်။

စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်များ ကံကော်လမ်းတွင် စစ်ဆေးမှုပြုနေစဉ် အမျိုးသား (၂) ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်လုပ်ဗုံးဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီမီဒီယာများက ဖော်ပြထားသည်။

အလားတူ ဖေဖော်ဝါရီလ (၁) ရက်နေ့ကလည်း သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက် သိန်းသန်းချီမီးပွိုင့်လမ်းဆုံ၊ ယာဉ်ထိန်းရုံအနီးတွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သတင်းရရှိသည်။