ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ယာဉ်များစစ်ဆေးနေသည့် ပြည်သူ့စစ်များ ထိခိုက်ဟုဆို

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ယာဉ်များစစ်ဆေးနေသည့် ပြည်သူ့စစ်များ ထိခိုက်ဟုဆို

ahadmin
15/11/2022
Share:

ယနေ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့ နံနက် (၁၁) နာရီဝန်းကျင်ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ မင်္ဂလာမူဆယ်သွားသည့် ကားလမ်းမကြီး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်။

“မနက် (၁၁) နာရီလောက်က မင်္ဂလာမူဆယ်ကားလမ်းမှာ ဗုံးကွဲတာ (၃) ကြိမ်လို့ ပြောနေကြတယ်။ ကျနော်တို့တော့ (၂) ကြိမ်လောက်တော့ အသံအကျယ်ကြီးကြားလိုက်တယ် အိမ်တွေတောင်တုန်တယ်။ အဲ့နားမှာက မြို့မပြည်သူ့စစ်တွေ ကားတွေ ဆိုင်တွေကို စစ်ဆေးမှုတွေ လုပ်နေတဲ့နေရာဆိုတော့ သူတို့တွေတော့ ထိခိုက်ဒဏ်ရာရတယ်လို့တော့ ပြောသံကြားတယ် ။ လူတော့ မသေဘူးတဲ့။” ဟု မူဆယ်ဒေသခံတစ်ဦးက ပြောပြသည်။

အဆိုပါ ဗုံးကို မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်သွားမှန်းမသိရသေးဘဲ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားအများအပြားရောက်လာပြီး စစ်ဆေးမှု ပြုလုပ်နေကြကြောင်း သတင်းရရှိသည်။

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/