နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့၌ တစ်နှစ်စာအတွက် (၁၅) သိန်းကျပ်ဟူ၍ တစ်ပိုင်တစ်နိုင် စေ◌ျးသည်များထံ TNLA မှ ငွေကြေးတောင်းနေ

သျှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့၌ တစ်နှစ်စာအတွက် (၁၅) သိန်းကျပ်ဟူ၍ တစ်ပိုင်တစ်နိုင် စေ◌ျးသည်များထံ TNLA မှ ငွေကြေးတောင်းနေ

Hsan Loi Editor
23/11/2022
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့၌ တစ်ပိုင်တစ်နိုင် စေ◌ျးသည်များထံ တအာင်းပလောင် အမျိုးသားတပ်မတော် (TNLA) မှ တစ်ပိုင်တစ်နိုင်စေ◌ျးသည်များထံ ငွေကြေးတောင်းခံနေကြောင်း သတင်းရရှိသည်။

 

စေ◌ျးအနီး လမ်းမကြီးဘေးနှင့် အိမ်ရှေ့ဖွင့်လှစ်ရောင်းချနေကြသော စားသောက်ဆိုင်နှင့် အိမ်ဆိုင်များထံ တစ်နှစ်စာအတွက်ဟူ၍ တစ်ဆိုင်ကို (၁၅) သိန်းကျပ် တောင်းခံနေသည်ဟု ဒေသခံ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးထံ မေးမြန်းသိရှိရသည်။

 

“တစ်နှစ်စာအတွက် အခွန်ဆိုပြီးတော့ အိမ်ရှေ့ဖွင့်ထားတဲ့ ခေါက်ဆွဲဆိုင်တောင် (၁၅) သိန်းပေးရမယ်ဆိုပြီး လိပ်စာကဒ်တွေ လာဝေသွားပြီ။ ဘယ်နေ့လာကောက်မလဲဆိုတာတော့ မသိသေးဘူး တစ်ချို့ဆိုင်တွေကတော့ တခါတည်းပေးလိုက်ရတာတွေရှိတယ်လို့ပြောတယ်။ အရင်တုန်းက ဆိုင်ကြီးတွေဆီပဲ ကောက်ပြီးတော့ အခုလို ကျမတို့လို အိမ်ဆိုင်ကို တစ်နှစ် (၁၅) သိန်းပေးရမယ်ဆိုတော့ ဘယ်လိုပေးရမလဲရှင် တစ်နှစ်လုံးစာအမြတ်တောင် အဲ့လောက်မရဘူးလေ။ ပြီးတော့ ဒီအဖွဲ့ကို ပေးပြီးရင် နောက်တစ်ဖွဲ့ကို မပေးရတော့ဘူးလားဆိုလည်းမဟုတ်ဘူး ဒီတစ်ဖွဲ့ကိုပေးပြီးရင် နောက်တစ်ဖွဲ့အတွက်လည်း ထပ်လာတော့မယ်ဆိုတာ အလိုလိုခံစားမိနေပြီ။” ဟု တစ်ပိုင်တစ်နိုင် ခေါက်ဆွဲဆိုင်ပိုင်ရှင်တစ်ဦး ငြီးငြူပြောပြသည်။

 

ယခင်က မူဆယ်မြို့တွင် ဘဏ်များ၊ ကုမ္ပဏီကြီးများ၊ လျှပ်စစ်ပစ္စည်းဆိုင်များ၊ ရွှေဆိုင်နှင့် ဖုန်းဆိုင်များ၊ စီးပွားရေးလုပ်ငန်းရှင်များထံ ငွေညစ်တောင်းဆိုမှုတွေသာရှိသော်လည်း ယခု အိမ်ဆိုင်ပိုင်ရှင်တွေဘက် လှည့်လာခြင်းဖြစ်သည်။ အလားတူ နမ့်ခမ်းမြို့တွင်လည်း KIA အဖွဲ့မှ စေ◌ျးဆိုင်ကြီးများစာရင်း တောင်းနေပြီး ငွေကြေးကောက်ခံနေပြီဖြစ်ကြောင်း ဆက်စပ်သတင်းအရ သိရသည်။

 

#HsanLoiVoice

 

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

 

https://hsanloivoice.org/