နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် ခေါင်းနွဲ့ရွာမြေပြိုမှု လူ(၂၈)ဦး ရေထဲမြောပါသေဆုံး (၂၁)ဦးသာ အလောင်းပြန်တွေ့

သျှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် ခေါင်းနွဲ့ရွာမြေပြိုမှု လူ(၂၈)ဦး ရေထဲမြောပါသေဆုံး (၂၁)ဦးသာ အလောင်းပြန်တွေ့

Hsan Loi Editor
19/09/2024
Share:

 

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သျှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် ခေါင်းနွဲ့ရွာတွင် စက်တင်ဘာ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ မြေပြိုမှုဖြစ်ပွားခဲ့ပြီး ဒေသခံအများအပြား မြေပြိုမှုကြောင့် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ မြေပြိုမှုကြောင့် ဒေသခံရွာသူရွာသား (၂၈) ဦး ရေထဲမြောပါသွားသေဆုံးခဲ့ရသည်ဟု သိရှိရပြီး ယနေ့အထိ (၂၁)ဦး၏ အလောင်းကိုသာ ပြန်လည်ရှာဖွေတွေ့ရှိထားသည်။

 

“ခေါင်းနွဲ့ရွာက မိုင်းပွန်နဲ့လွိုင်လင် ကားလမ်းကြီးဘေးမှာ ရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ စက်တင်ဘာလ (၁၁)ရက်နေ့လောက်ကစပြီး အုပ်ချုပ်ရေးမှူးအိမ်နဲ့ ရွာထဲက ၃ အိမ်လောက် မြေပြိုကျတဲ့အထိပါသွားတယ်။ အဲ့ကနေ တစ်ဖြည်းဖြည်းဆက်တိုက်မြေပြိုကျပြီးတော့ ရွာသူရွာသား (၂၈)ဦး ရေထဲပါသွားတယ်။ ရွာမှာက ဖုန်းလိုင်းလည်းမမိတော့ ဆက်သွယ်ရေးပြတ်တောက်နေပြီးတော့ တောထဲရှာဖွေဖို့လည်းခက်ခဲနေတယ်။”ဟု တောင်ကြီးမြို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

 

ခေါင်းနွဲ့ရွာမြေပြိုမှုတွင် ကုန်တင်ကား (၅)စီးခန့်လည်း ရေစီးထဲမြောပါသွားခဲ့ရပြီး လမ်းပိတ်ဆို့မှုလည်း ဖြစ်ပေါ်ခဲ့သည်။ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် သျှမ်းပြည်နယ်တောင်ပိုင်းတွင် လူ (၁၄၀)ဦးကျော် အသက်ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။